ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ကိုလံဘီယာကျောင်းသားများ ချီတက်တောင်းဆို

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ကိုလံဘီယာကျောင်းသားများ ချီတက်တောင်းဆို

ပညာရေးအသုံးစရိတ်ပိုမိုတိုးမြှင့်ပေးရန် ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူ၏အစိုးရကို တောင်းဆိုသည့်အနေဖြင့် ကျောင်းသားထောင်ပေါင်းများစွာသည် မြို့တော် ဘိုဂိုတာ၌ နိုဝင်ဘာ ၁၅ ရက်တွင် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

မြို့တော်တွင်းရှိ ကြွယ်ဝချမ်းသာသူများနေထိုင်သော ရပ်ကွက်နားသို့ရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများများအား မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်။

ကိုလံဘီယာ၌ မကြာသေးမီလများအတွင်း ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြမှုကို ခဲတံချီတက်ပွဲအဖြစ် အမည်ပေးထားသည်။

ကိုလံဘီယာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်အစောပိုင်းမှစ၍ ကျောင်းအပ်နှံသည့် ကျောင်းသားဦးရေ လေးဆမြင့်တက်ခဲ့သော်လည်း အသုံးစရိတ်မှာမူ အနည်းငယ်သာတိုးမြင့်ခဲ့ကာ အရည်အသွေးလည်းကျဆင်းလာခဲ့ကြောင်း ပညာရေးဆိုင်ရာလှုပ်ရှားသူများကပြောဆိုခဲ့သည်။

အများပြည်သူပညာရေးစနစ်အား ရန်ပုံငွေလျှော့ချရန် ဥပဒေများပြဌာန်းခဲ့ပြီးဖြစ်ရာ အောက်တိုဘာအစောပိုင်းမှစ၍ ကျောင်းသားများသည် နိုင်ငံလုံးဆိုင်ရာကျောင်းသားသပိ်တ် အမည်ဖြင့် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ပြီး ယင်းကဲ့သို့ ရန်ပုံငွေလျှော့ချမှုများကို ကန့်ကွက်ခဲ့ကြပြီးဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် အစိုးရတက္ကသိုလ်များသည် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ရန်ပုံငွေ ၁၀ဝ ရာခိုင်နှုန်းကိုရရှိမည်ဟုမျှော်လင့်ခဲ့ကြသော်လည်း ယနေ့တွင်မူ ၅၀ ရာခိ်ုင်နှုန်းသာရရှိခဲ့သည်။

ယင်းကြောင့် အစိုးရတက္ကသိုလ်များ၏သုံးစွဲနိုင်စွမ်းထိ်ခိုက်ခဲ့ပြီး တက္ကသိုလ်တချို့သည့် ဒေဝါလီခံရလုနီးဖြစ်ခဲ့သည်။