ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲရှောင်စခန်းများ၌ စားနပ်ရိက္ခာများထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲရှောင်စခန်းများ၌ စားနပ်ရိက္ခာများထောက်ပံ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်စခန်း (IDPs) များမှ အိမ်ထောင်စု ၁၄၀ဝ ကျော်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

ထောက်ပံ့ပစ္စည်းပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်များမှ တိုက်ပွဲရှောင် စခန်းများကို ထောက်ပံ့ပေးနေရာမှ နိုဝင်ဘာ ၁၃ ရက်တွင် နမ္မတူ မြို့နယ်နှင့် မန်တုံကျေးရွာအတွင်းရှိ တိုက်ပွဲရှောင်စခန်းများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ ရှမ်းပြည်နယ် (မြောက် ပိုင်း) မှာရှိတဲ့ တိုက်ပွဲရှောင် အိမ်ထောင်စုတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနကနေ ပြီးတော့ သုံးလတစ်ကြိမ် စားနပ် ရိက္ခာတွေ ထောက်ပံ့ပါတယ်။ သုံးလပြည့်တိုင်းပြည့်တိုင်း ထောက်ပံ့ ပေးနေတာပါ" ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောဆိုသည်။

၎င်းတို့ဌာနနှင့် ပူးပေါင်းထားသည့် အခြားအဖွဲ့အစည်းများကလည်း အခါအားလျော်စွာ ထောက်ပံ့မှုရှိခြင်းကြောင့် အိမ်ထောင်စုအလိုက် လိုအပ်သောပစ္စည်းများကို သုံးလတစ်ကြိမ် ၁၄ ရက်စာအတွက် ထောက် ပံ့ပေးနေကြောင်း သိရသည်။

ထောက်ပံ့ခဲ့

ဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများမှ အိမ်ထောင်စု ၁၄၀၁ စု၊ လူဦးရေ ၇၄၀၇ ဦးအတွက် ဆန်အိတ် ၁၀၈၀ နှင့် အခြား ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး