တောင်ကြီးမြို့မဈေးရှေ့တွေ့ရှိသည့် လက်လုပ်မိုင်းရှင်းလင်းပြီး လုံခြုံရေးတိုးမြှင့်

တောင်ကြီးမြို့မဈေးရှေ့တွေ့ရှိသည့် လက်လုပ်မိုင်းရှင်းလင်းပြီး လုံခြုံရေးတိုးမြှင့်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင် ကြီးမြို့ ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်းလမ်း မြို့မဈေးရှေ့ မီးပွိုင့် အနီးတွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က လက်ဆွဲသေတ္တာအတွင်း ထည့်ထားသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကာ ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ပြီး တောင်ကြီးမြို့ပေါ်တွင် လုံခြုံရေးတိုးမြှင့် ချထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းတွေ့ရှိရာနေရာသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်၊ တောင်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင် နိုင်နှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးခဲ့ပြီး ဘီအီးတပ်ဖွဲ့က ရှင်းလင်းဖျက်ဆီးခဲ့သည်။

ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲခန့်တွင် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ဗိုလ်ချုပ်အောင် ဆန်းလမ်း မြို့မဈေးရှေ့ရှိ City Square စင်တာ ဒုတိယထပ် တောင်ဘက်စင်္ကြံလမ်း သန့်စင်ခန်းအနီးတွင် မသင်္ကာဖွယ်ရာ အမည်း ရောငြွ်ကပြွ်ကပ်အိတ်တစ်လုံး တွေ့ရှိသဖြင့် ဘီအီးတပ်မှတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မုန့်ဖုတ်စက်သုံးပစ္စည်းအဟောင်းများ ထည့်ထား သည့်အထုပ်သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

မသင်္ကာဖွယ်တွေ့ရှိ

ထို့ပြင် City Square မြောက်ဘက် ဝင်ပေါက်အနီး အမှိုက်ပုံတွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ်ထပ်မံတွေ့ရှိသဖြင့် တာဝန် ရှိသူများကစစ်ဆေးခဲ့ရာ အမှိုက်ထုပ်သာဖြစ် ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အတူ ညနေ ၄ နာရီခွဲခန့်တွင် မြို့မဈေးမြောက်ဘက်ဝင်ပေါက် သံပန်းတံခါးအနီးတွင် မသင်္ကာဖွယ်ရာပစ္စည်း တစ်ခုတွေ့ရ၍ ထပ်မံစစ်ဆေးခဲ့ရာ ကလေး ကစားစရာပစ္စည်းအစုတ်တစ်ခုသာဖြစ်ကြောင်း သိရှိခဲ့ရသည်။

ရှုတ်ချ

"အခုလို တောင်ကြီးတန်ဆောင်တိုင်ပွဲ ကြီးကို  ခြိမ့်ခြိမ့်သဲသဲ  ကျင်းပနေတဲ့အချိန်၊ ဒေသခံပြည်သူတွေ၊ ပြည်တွင်းပြည်ပက ဧည့် သည်တွေလာကြတဲ့အချိန်မှာ အခုလို အထိတ် တလန့်ဖြစ်စေအောင် ဆောင်ရွက်တဲ့အတွက် ကျွန်တော့်အနေနဲ့ ပြတ်ပြတ်သားသားရှုတ်ချ ပါတယ်"ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာ ရေးကော်မတီဝင် ဦးဇော်ဝင်းထူးက ပြောဆို သည်။

စည်ကားများပြား

အဆိုပါလက်လုပ်မိုင်းတွေ့ရှိမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိခဲ့ သော်လည်း လက်ရှိကျင်းပနေဆဲ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ ညပိုင်း၌ လာရောက် ကြည့်ရှုအားပေးကြသည့် ပွဲကြည့်ပရိသတ် များဖြင့် ပုံမှန်အတိုင်းစည်ကားလျက်ရှိကြောင်း သိရသည်။

ထုတ်ပြန်ကြေညာ

ယင်းကဲ့သို့မိုင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရာ မီးပုံးပျံကွင်းအတွင်း၌လည်း စစ်ဆေးရှာဖွေ မှုများ ပြုလုပ်လျက်ရှိပြီး အဝေယာမီးပုံးပျံကွင်း အတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိမှုမရှိကြောင်း နှင့် တန်ဆောင်တိုင်ပွဲတော်လာ ဧည့်ပရိသတ် များအနေဖြင့် ဘေးကင်းလုံခြုံစွာလည်ပတ် လေ့လာနိုင်ရေးအတွက် လုံခြုံရေးများတိုးမြှင့် ချထားဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်  ကျင်းပရေးဦးစီးကော်မတီ၏ထုတ်ပြန်ကြေညာချက်၌ ဖော်ပြ ပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး