ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မိုးကောင်း၌ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မိုးကောင်း၌ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောက်စိမ်းကျောင်းဆောင်တွင် ဒီဇင်ဘာ ၁ ရက်၌ ကျရောက်မည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ကျန်းမာရေး ဌာန၊ ပညာရေးဌာနနှင့် အင်န်ဂျီအိုတို့ ပူးပေါင်း ၍ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ များအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် နှင့်အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူနှင့် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်း မြတ်စံတို့က ရှင်းလင်းပြောဆိုခဲ့ကြသည်။

ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ စာစီစာကုံးပြိုင် ပွဲတွင် HIV ပိုး ရှိမရှိ မိမိကစ သွေးစစ်ကြည့်ဓ ခေါင်းစဉ်ဖြင့် ထက်လယ်မူကျောင်းသား ကျောင်းသူ ၁၈၀ ပါဝင်ယှဉ်ပြိုင်ရေးဆွဲကြပြီး ဆောင်းပါးပြိုင်ပွဲကို "မီးလောင်ပြာကျ ဘဝ မြေမှာ ပန်းရွှေကြာတို့ ပြန်ဝေကြစေသတည်း" ခေါင်းစဉ်ဖြင့် ရေးသားကာ မိုးကောင်းမြို့နယ် စာပေဖွံ့ဖြိုးရေးအသင်းသို့ ပေးပို့ရမည်ဖြစ် သည်။

"အရင်ကတော့ အိတ်ချ်အိုင်ဗွီရောဂါရှိတဲ့ ကလေး တွေကိုပဲ သီးခြားပြိုင်ခိုင်းတဲ့အခါကျ တော့ ရောဂါသည်ကလေးတွေနဲ့ သာမန်ကလေး တွေကို ခွဲခြားသလို ဖြစ်နေပါတယ်။ ဒီပြိုင်ပွဲ မှာတော့ ကလေးအားလုံးကို ယှဉ်ပြိုင်စေ တော့ သာမန်ကလေးတွေကလည်း ရောဂါသည် ကလေးတွေနဲ့ပေါင်းလို့ရတာပဲ။ နှစ်စဉ် ဒီဇင် ဘာ ၁ ရက်ဟာ WORLD AIDS DAY ပါ လားဆိုတဲ့ အသိကို ကလေးတိုင်းသိစေချင်လို့ မည်သူမဆို လာပြိုင်ပါလို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲ ကျင်းပပေးခဲ့တာပါ" ဟု Phoenix အဖွဲ့ ခေါင်းဆောင် ဦးညွန့်ဦးက ပြောဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့် မှန်းချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာ အနေဖြင့် အိတ်ချ်အိုင်ဗွီပိုးရှိနေသူ ၃၇ သန်း အနက် ရာခိုင်နှုန်း ၄၀ သို့မဟုတ် ၁၄ သန်း ကျော်သည် အိတ်ချ်အိုင်ဗွီ ပိုးကူးစက်ခံနေရ သည့် ၎င်းတို့၏အခြေအနေကို မသိရှိကြ ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး