စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ နွားများ ခြေပုပ်/လက်ပုပ်ကူးစက်ရောဂါဖြစ်၍ တမုတ်ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီခန့်၌ နွားသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ခြေပုပ်လက်ပုပ်ရောဂါ
ထို့အပြင် ခင်ဦးမြို့နယ် တမုတ်ကျေးရွာနေအိမ်၌ မွေးမြူထား သော နွားပြာမတစ်ကောင်မှာ ယခင်တစ်လခွဲခန့်က ခြေပုပ်/လက်ပုပ် ရောဂါဖြင့် ကိုမောင်ချင်းနေအိမ်မှာဖြစ်ခဲ့ဖူးကြောင်း၊ ယခုထပ်မံမွေးမြူ ထားသော နွားဖြူ နှစ်နှစ်သားခန့်အရွယ် နွားထီးတစ်ကောင်မှာ ခြေပုပ်/လက်ပုပ်ကူးစက်ရောဂါလက္ခဏာ ဖြစ်ပွားနေ၍ ခိုင်းနွားများ ထပ်မံ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေးဟောပြောခြင်း၊ ကာကွယ် ပေးရေး ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အခြားအိမ်မွေးတိရစ္ဆာန် များ ကူးစက်ရောဂါများ ပျံ့နှံ့လာခြင်းမရှိစေရန် လိုလားနေသည်ဟု သိရသည်။
ဆုံးရှုံးနစ်နာ
ခင်ဦးမြို့နယ် လက်ပံကုန်း၊ မြေနီသျှို၊ ကြို့ကန်ကျေးရွာများ၌လည်း ခြေပုပ်/လက်ပုပ် ရောဂါကူးစက်၍ နွားများသေဆုံးနေကြာင်း၊ ယခု လိုနွားတွေ ခြေပုပ်/လက်ပုပ်ရောဂါများ ကူးစက်၍ တစ်လခွဲ၊ နှစ်လ အတွင်း အကောင် ၂၀ ခန့် သေဆုံးမှုများရှိနေသဖြင့် တောင်သူများ အနေဖြင့် မည်ကဲ့သို့ကာကွယ်နိုင်ရေး နည်းလမ်းများကို ဆောင်ရွက် ပေးစေလိုကြောင်း၊ နွားများသေဆုံး၍ ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း တမုတ်ကျေးရွာ ရာအိမ်မှူး ဦးတင်စိုးက ပြောဆိုသည်။















