(၄၅)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် ညောင်တုန်းတွင် ကျင်းပမည်

(၄၅)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် ညောင်တုန်းတွင် ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် (၄၅)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်၊ ဗုဒ္ဓပူဇနိယပွဲတော်နှင့်နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းရပ်ကွက်များသို့ ဒေသစာရြွီကချီ အပူ ဇော်ခံပွဲကို နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီကဦးဆောင်၍ တန်ဆောင် မုန်းလပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ (နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်) ညနေ ၅ နာရီ တွင် မြို့မ ၂၁ လမ်းမတော်ဗဟိုစံကျောင်းတော်မှ စတင်ပြီး ရပ်ကွက်များအတွင်း ဒေသစာရီ ြွကချီ၍ အန္တရာယ်ကင်းအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

မဟာဝိသုတာရာမတိုက်သစ်ကျောင်းတိုက် ဂန္ဓကုဋိတိုက်အတွင်းကိန်းဝပ်အပူဇော်ခံထား ရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများအား ရပ်ကွက်အသီးသီးမှသက်ကြီးပုဂ္ဂိုလ်များ၊ ဘာသာရေး အသင်းအဖွဲ့ဝင်လူငယ်များနှင့် ယောဂီဝတ်ရွတ်အဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက် သို့ မဲကျရာဘုရားဆင်းတုတော်များအား အလှပန်းရထားယာဉ်များဖြင့် ပင့်ဆောင်ကြသည်။

ချီးမြှင့်ပေး

နိုဝင်ဘာ ၂၂ ရက် ပထမညတွင် မြို့၏(အရှေ့ပိုင်း)နှင့် နိုဝင်ဘာ ၂၃ ရက် (ဒုတိယည)တွင် မြို့၏အနောက်ပိုင်းရပ်ကွက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓ ရုပ်ပွားတော်မြတ်များအား ဒေသစာရီ လှည့်လညြွ်ကချီအပူဇော်ခံကြမည် ဖြစ်သည်။ ရပ်ကွက် ၁၀ ရပ်ကွက်၏ ဘာသာ၊ သာသနာ၊ အက၊ အလှသဘာဝများအပေါ်မူတည်၍ ရွေးချယ်အကဲဖြတ် အမှတ်ပေးပြီး အကောင်းဆုံးဆုများကို ဘုရားပွဲဖြစ်မြောက်ရေးကော်မတီက ဆုများချီးမြှင့်ပေး မည်ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ညပိုင်းတွင်နာမည်ကြီး ဇာတ်သဘင်အဖွဲ့ များနှင့်အတူ နိုင်ငံကျော်အဆိုတော်များ၏ ကပြသီဆိုဖျော်ဖြေမှုများ၊ ဈေးရောင်းပွဲတော်၊ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်သည်။

ညောင်တုန်းဗုဒ္ဓပူဇနိယတန်ဆောင်တိုင်ပွဲတော်သည် အထူးသဖြင့် တိုင်းဒေသကြီးနှင့် ခရိုင်အတွင်းမြို့များဖြစ်သည့် ဓနုဖြူ၊ မအူပင်၊ ပန်းတနော်မြို့နယ်တို့မှ ဘုရားဖူးဧည့်သည်များ လာရောက်ကြသည့်အပြင် အနယ်နယ်အရပ်ရပ်မှ ဈေးသည်များကလည်း ကုန်ပစ္စည်းမျိုးစုံ တို့ကို အပြိုင်အဆိုင်လာရောက်ခင်းကျင်းရောင်းချရာ ဘုရားပွဲလာဧည့်သည်များနှင့် ဒေသခံ ပြည်သူများဖြင့် စည်ကားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး