ဗီယက်နမ်ပရိသတ်များ၏ လက်မှတ်ခွဲတမ်း နိုဝင်ဘာ ၁၉ ရက်အထိ ရောင်းချပေးမည်

ဗီယက်နမ်ပရိသတ်များ၏ လက်မှတ်ခွဲတမ်း နိုဝင်ဘာ ၁၉ ရက်အထိ ရောင်းချပေးမည်

ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား မည့် မြန်မာနှင့်ဗီယက်နမ်အသင်းတို့၏ ဆူဇူ ကီးအုပ်စုပွဲစဉ်ကို လာရောက်အားပေးမည့် ဗီယက်နမ်ပရိသတ်များအတွက် လက်မှတ် များကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ ရောင်းချပေး လျက်ရှိနေကြောင်း သိရသည်။

ဝယ်ယူနိုင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဆို ပါပွဲစဉ်ကိုလာရောက်အားပေးမည့် အဝေးကွင်း ပရိသတ်များအတွက် အာဆီယံဘောလုံးအဖွဲ့ ချုပ်မှ သတ်မှတ်ထားသည့် လက်မှတ်ခွဲတမ်း ၂၄၀ဝ ရောင်းချမည်ဖြစ်သည်။ အဝေးကွင်း ပရိသတ်များသည် မြန်မာနှင့်ဗီယက်နမ်ပွဲစဉ် လက်မှတ်များကို သတ်မှတ်ထားသည့်ရက် အတွင်း နေ့စဉ်နံနက် ၁၀နာရီမှ ညနေ ၅နာရီ အထိ ဝေဇယန္တာလမ်းပေါ်ရှိ ဂိုးလ်ဟိုတယ်တွင် ရုံးစိုက်ထားသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၌ ဝယ်ယူနိုင်သည်။

အသိပေးထား

လက်မှတ်ဝယ်ယူလိုသည့် အဝေးကွင်း ပရိသတ်များသည် ပတ်စပို့စ်ယူဆောင်လာ ရမည်ဖြစ်ပြီး တစ်ဦးလျှင် လက်မှတ်နှစ်စောင် နှုန်းရောင်းချပေးမည်ဖြစ်သည်။ ထို့ပြင် အဝေး ကွင်းပရိသတ်များ၏လုံခြုံရေးအခြေအနေအရ သတ်မှတ်ထားသည့် လက်မှတ်ခွဲတမ်း ၂၄၀ဝ ထဲမှသာ ဝယ်ယူရမည်ဖြစ်ပြီး အိမ်ကွင်း ပရိသတ်များအတွက် သတ်မှတ်ထားသည့် လက်မှတ်ခွဲတမ်းများကို မဝယ်ယူကြရန် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

အားပေးခဲ့ကြ

ဗီယက်နမ်လက်ရွေးစင်အသင်း၏ အဝေး ကွင်းပွဲစဉ်များကို ဗီယက်နမ်ပရိသတ်များ လိုက်လံအားပေးလေ့ရှိကြပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဆူဇူကီးပြိုင်ပွဲ၌လည်း ပရိသတ်အများ အပြားလာရောက်အားပေးခဲ့ကြသည်။ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့၏ ဆူဇူကီးအုပ်စု ပွဲစဉ်ကို နိုဝင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး