ဗီယက်နမ် တောင်ပိုင်းတွင် မိုးကြီး မြေပြိုမှုများကြောင့် ၁၃ ဦးသေ၊ လေးဦး ပျောက်ဆုံး

ဗီယက်နမ် တောင်ပိုင်းတွင် မိုးကြီး မြေပြိုမှုများကြောင့် ၁၃ ဦးသေ၊ လေးဦး ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ အလယ်ပိုင်းခြမ်းတွင် မိုးကြီး မြေပြိုမှုများကြောင့် နိုဝင်ဘာ ၁၈ ရက်က လူ ၁၃ ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးလျက်ရှိသည်။

ထပ်မံ မြေပြိုနိုင်ခြေရှိသည့် နေရာများမှ ပြည်သူများကို အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းပေးရန်နှင့် ပျောက်ဆုံးသူများကို ရှာဖွေရန် စစ်သည် ၆၀ဝ ကိုလည်း တာဝန်ပေးထားကြောင်း ခန်း ဟိုပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ 
အပူပိုင်းမုန်တိုင်း တိုရာဂျီကြောင့် မိုးကြီးသဖြင့် မြေပြိုမှုများ ဖြစ်ပွားခြင်းဖြစ်သည်။ နာထရန် အပန်းဖြေမြို့နှင့် အနီးတစ်ဝိုက်တွင်လည်း နိုဝင်ဘာ ၁၈ ရက်က ရေကြီး မြေပြိုမှုများကြောင့် ရွာအချို့မှ အိမ်များပြိုကာ မြေပိသေဆုံးသူများရှိခဲ့သည်။ 
    အပူပိုင်းမုန်တိုင်း တိုရာဂျီသည် ဗီယက်နမ်တောင်ပိုင်း ကမ်းရိုးတန်းပြည်နယ် ဘင် သူရန်နှင့် နင် သူရန် ပြည်နယ်ကမ်းလွန်တွင် နိုဝင်ဘာ ၁၈ ရက်ညပိုင်းက လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်လျော့ကျသွားပြီ ဖြစ်ကြောင်း ဗီယက်နမ် သဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၁၉ တွင် ထုတ်ပြန်ပြောကြားသည်။ 
    ဗီယက်နမ်သည် နှစ်စဉ် ရေကြီး၊ မုန်တိုင်း စသည့် သဘာဝဘေးများကြောင့် နှစ်စဉ် လူရာချီ သေဆုံးရလျက်ရှိသည်။