အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားနှစ်ဦးက သားမယားပြုကျင့်

အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားနှစ်ဦးက သားမယားပြုကျင့်

လှိုင်သာယာမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားနှစ်ဦးက သားမယား အဖြစ်ပြုကျင့်ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားသည်။

နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် ညောင်ရွာ မေတ္တာလမ်းနေ အမျိုးသမီးငယ်တစ်ဦးသည် အစ်မဖြစ်သူဖွင့်လှစ်ထားသည့် အထည်ဆိုင်ကို ဈေးဝိုင်းကူရောင်းပြီး နေအိမ်သို့ တစ်ဦးတည်းလမ်းလျှောက်ပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် ညောင်ရွာလမ်းမအရောက် တစ်ရွာတည်းနေ ငမိုး(၂၇)နှစ်က နောက်မှလိုက်လာပြီး စကားပြောချင်ကြောင်း ပြောကာ လက်ဆွဲ၍ အတင်းခေါ်သဖြင့်လိုက်ပါလာစဉ် တစ်ရွာတည်းနေ ခင်မောင်လင်း(၂၂)နှစ်ကလည်း ဆိုက္ကားနင်းသွား စဉ်တွေ့မြင်ခဲ့သည်။ 
မောင်ကြာသီးလမ်းထိပ်ရှိ အမှိုက်ပုံနားအရောက် ခင်မောင်လင်းက ၎င်း၏ဆိုက္ကားပေါ်တွင် စောင့်နေခဲ့ပြီး ငမိုးက အမျိုးသမီးကို သဲပုံပေါ်သို့တွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည်။
ထိုသို့ပြုမူနေစဉ် ခင်မောင်လင်းက ထိုင်ကြည့်နေခဲ့ပြီးနောက် ငမိုးက ခင်မောင်လင်း ဦးလေးအိမ်သို့ သွားမည်ဟု ပြောကာ အတင်းလက်ဆွဲခေါ်ဆောင်သွားခဲ့သည်။

ခင်မောင်လင်းက ဆိုက္ကားနင်းကာ ရှေ့မှသွားနှင့်ခဲ့ပြီး ၎င်းတို့ နှစ်ဦးက လမ်းလျှောက်လိုက်စဉ် ဦးရွှေဘင်လမ်း အရောက်ကုလားဂိုဒေါင်အနီး ရေမြောင်းနားတွင် ခင်မောင်လင်းမှစောင့်နေကာ ထိုရေမြောင်းအနီးချုံပုတ်အနီး ငမိုးမှတွန်းလှဲကာ ထပ်မံ၍သားမယားအဖြစ်ပြုကျင့်ခဲ့သည်။
ပြီးနောက် ခင်မောင်လင်းက ငမိုးကို ရေသန့်ဗူးသွားဝယ်ဟု ပြောဆိုသဖြင့် ဆိုက်ကားဖြင့်ထွက်သွားစဉ် ခင်မောင်လင်းက သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက (ပ) ၄၂၉၀/ ၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထား သည်။