မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူများအတွက် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာလမှ စတင်ထုတ်ချေးပေးလျက်ရှိရာ လာမည့်ဒီဇင်ဘာလအထိ ကျပ်သိန်းပေါင်း ၁၉၆၁၀၅ ထုတ်ချေးပေးရန် လျာထားချက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစုက ပြောဆိုသည်။
"သီးနှံစိုက်ပျိုးစရိတ်ကို အတိုးနှုန်းသက်သာ စွာနဲ့ ထုတ်ချေးပေးနေတာက တောင်သူတွေ အတွက် အဆင်ပြေစေဖို့ပါ။ စိုက်ပျိုးမယ့်သီးနှံ အမျိုးအစားပေါ်ခွဲခြားပြီး တစ်ဧကဘယ်လောက် ဆိုတာ သတ်မှတ်ထုတ်ချေးပေးပြီး မျိုးစေ့တွေ ဝယ်တာနဲ့လုပ်အားခတွေကလည်း ဈေးမြင့်တက် လာတော့ ချေးငွေတွေကို ယခင်ကထက်တိုး ပေးထားပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ဧက ၁၉၇၂၇၄ အတွက် ငွေကျပ်သိန်းပေါင်း ၁၉၆၁၀၅ ထုတ် ချေးပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးစရိတ်ထုတ်ချေးရာ၌ စပါးစိုက်တစ် ဧကလျှင် ကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ကျပ်တစ်သိန်း ထုတ်ချေးပေး လျက်ရှိသည်။ ၂၀၁၇ ခုနှစ်က စပါးအတွက် ကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံအတွက် ကျပ်ငါးသောင်းသာထုတ်ချေးခဲ့ပြီး ချေးယူငွေ အတွက် အတိုးနှုန်းမှာ ရှစ်ရာခိုင်နှုန်းသာဖြစ် သည်။
"ရှိသလောက်မြေဧကအတိုင်း စိုက်ပျိုး စရိတ်မရဘူး။ ၁၀ -ဧကဖိုးပဲ အများဆုံးရတယ်။ ရာသီဥတုဒဏ်ကြောင့် ပျက်စီးတာတွေလည်း ရှိလို့လိုတဲ့ ငွေရှာရပြန်ရော။ ပြန်ဆပ်ချိန်မှာသီးနှံဈေးနဲ့မကိုက်ရင် တောင်သူမျက်ဖြူဆိုက် တယ်။ ခုချေးငွေထုတ်ရင်လည်း ပုံစံ(၇) မူရင်း ပေးရတယ်။ အရင်က မိတ္တူနဲ့ရတော့ လိုအပ် ရင်အပြင်မှာ မူရင်းနဲ့ငွေထပ်ယူကြတာပေါ့"ဟု တွင်းငယ်ကျေးရွာမှတောင်သူ ဦးမြင့်ဇော် က ထောက်ပြပြောဆိုသည်။
ဆပ်ငြွေွေကးကျန်ရှိ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးရာသီ၊ မိုးကြိုရာသီ၊ ဆောင်းသီးနှံစိုက်ပျိုးစရိတ်များထုတ်ချေးပေးရာ လွန်ခဲ့သည့် မေလကစ၍ ချေးငွေထုတ်ပေးမှု စနစ်ကိုပြောင်းလဲခဲ့ရာတွင် ပုံစံ (၇)မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ အပ်နှံပြီးမှ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးစရိတ် ြွေကးကျန်သူများရှိကြောင်း၊ တိုင်းအတွင်း မေလကထုတ်ချေးပေးခဲ့သော မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ်သန်း ပေါင်း ၁၂၇၃၅၂ ဒသမ ၇၃ သန်းလျာထားခဲ့ရာ ကျပ်သန်းပေါင်း ၁၀၈၆၂၈ ဒသမ ၆၀ သန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်(မန္တလေး)မှ သိရသည်။
















