ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာကျောင်းများ၊ ရုံးများ၌ တာဝန်ထမ်းဆောင် လျက်ရှိသည့် နေ့စားလပေးရုံးဝန်ထမ်းများ ကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ် ပေးနိုင်ရန် မည်ကဲ့သို့လျာထားဆောင်ရွက် လျက်ရှိကြောင်း မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းမှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ဖွဲ့စည်းပုံအသစ်အရ နေရာချထား ပေးရန် အခက်အခဲရှိနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရသည်။
သုံးသပ်ပြောဆို
ယင်းကဲ့သို့ မေးခွန်းမေးမြန်းခဲ့သည့် မိုင်း ရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က "ဝန်ကြီးဌာနအနေနဲ့ နေ့စားလပေးဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်အပ်ဖို့ အစီအစဉ်မရှိဘူးဆိုရင် အစ ကတည်းက တာဝန်ပေးခန့်အပ်ဖို့ မသင့်ပါ ဘူး။ တချို့က ဘဝနဲ့ရင်းရတဲ့ကိစ္စကြီးဖြစ်လို့ မျှော်လင့်ချက်နဲ့ အမြဲတမ်းဝန်ထမ်းမဖြစ်ခင် နေ့စားလပေးနဲ့အလုပ်ဝင်ခဲ့ကြပြီး သုံး၊ လေး နှစ်ကျမှ မခန့်ဘူးဆိုတော့ ရက်စက်လွန်းရာ ကျပါတယ်။ နေ့စားလပေးဝန်ထမ်း ၄၀ဝ၀ ကျော်ရဲ့ ဘဝရှေ့ရေးအာမခံရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ တစ်ခုခုစဉ်းစား ဆောင်ရွက်ပေးသင့်တယ်" ဟု သုံးသပ်ပြော ဆိုခဲ့သည်။
ဆောင်ရွက်မည်
လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အရ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတွင် နေ့စားလပေး ရုံးဝန်ထမ်း ၄၀၂၂ ဦးရှိနေပြီး လက်ရှိ အခြေအနေတွင် အခြေခံပညာဦးစီးဌာန၏ ဖွဲ့စည်းပုံသစ် ပြင်ဆင်ရေးဆွဲလျက်ရှိရာ အဆိုပါ နေ့စားလပေးဝန်ထမ်းများကို အမြဲ တမ်းဝန်ထမ်းများအဖြစ် နေရာချထားပေးရန် အခက်အခဲဖြစ်နိုင်ကြောင်း၊ ဌာနတွင် မူလ တန်းပြ ၅၀၈၂၀၊ အလယ်တန်းပြ ၂၂၃၃၁ ဦး၊ အထက်တန်းပြ ၁၁၃၅၀ လိုအပ်လျက် ရှိပြီး ၎င်းတို့အား ခန့်ထားရေးရှေးဦးစွာ ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ ဖွဲ့စည်းပုံ အသစ်အား ပြင်ဆင်အတည်ပြုပြီးပါက နေ့စား ဝန်ထမ်းများထဲမှ သတ်မှတ်အရည်အချင်း နှင့် ကိုက်ညီသူများကို ရေးဖြေ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) စစ်ဆေးပြီး အောင်မြင်သူများကိုသာ အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်မူ နှင့်အညီ ရေရှည်စီမံချက်ဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မည်
ယင်းကိစ္စနှင့် ပတ်သက်၍ နေပြည်တော် Mother mart စားသောက်ဆိုင်တွင် နိုဝင်ဘာ ၁၀ ရက်က နေ့စားလပေးဝန်ထမ်းအချို့သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နေ့စားလပေးပညာ ရေးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းခန့်အပ် ရေးလှုပ်ရှားမှုကော်မတီတာဝန်ခံဖြစ်သူ ဦးဖြိုး ဝေအောင်က ပြည်ထောင်စုဝန်ကြီးအားတွေ့ ခွင့်ရရန် တောင်းဆိုထားကာ တွေ့ဆုံခွင့်မရ ပါက သို့မဟုတ် တွေ့ခွင့်ရခဲ့သော်လည်း တိကျ ခိုင်မာသည့် အဖြေမရရှိပါက ယခုလအတွင်း၌ ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။















