ဖားကန့်တွင် ရေမဆေးနှင့် လက်နက်ကိုင် လုပ်ကွက်လုံခြုံရေးများ ပဋိပက္ခဖြစ်ပွား ၊ ကားတစ်စီး နှင့် အဆောက်အအုံ ၂လုံးမီးရှိုဖျက်ဆီးခံရ

ဖားကန့်တွင် ရေမဆေးနှင့် လက်နက်ကိုင် လုပ်ကွက်လုံခြုံရေးများ ပဋိပက္ခဖြစ်ပွား ၊ ကားတစ်စီး နှင့် အဆောက်အအုံ ၂လုံးမီးရှိုဖျက်ဆီးခံရ

ဖားကန့်မြိုနယ် ၊ ဆိပ်မူကျေးရွာ အုပ်စု ၊ နမ့်မှော် ကျေးရွာ အနီး ရှိ ကျောက်စိမ်းသစ်ရွက်  ကုမ္မဏီ လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူများနှင့် လုပ်ကွက်လုံခြုံရေးတာဝန်ယူထားသူများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ၂ လုံးနှင့် ကားတစ်စီး မီးရှိုဖျက်ဆီးခံခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောသည်။

 “ မီးကတော့ ငြိမ်းသွားပါပြီ ။ ကုမ္ပဏီအဆောင် ၂ ဆောင် လောင်သွားတယ် ။ ကျင်းထဲမှာတော့ ကားတစ်စီး မီးလောင်နေတာတွေ့တယ် ။ ကုမ္မဏီအဆောင်ထဲမှာတော့ ကားဘယ်နှစီး လောင်တယ်တော့ မသိရသေးဘူး " ဟု ဆိုင်းအောင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်တွင်  လုပ်ကွက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ကွက် ကုမ္ပဏီပိုင် အဆောက်အအုံအချို့မီးရှိုဖျက်ဆီးခံရခြင်းဖြစ်သည်။  

“ ဖြစ်တာက ညနေ ၃ နာရီ ခွဲလောက်က ဖြစ်တာ ပါ ။ ရေမဆေးသမားတစ်ယောက် သေတယ်လို့လည်း ကြားတယ် ၊ ဒဏ်ရာရတယ်လို့လည်းကြားတယ် ခုချိန်ထိတော့ အတည်ပြုချက် မရသေးဘူး ။ မီးလဲ ငြိမ်းသွားပါပြီ။ လူစုလည်းကွဲသွားပါပြီ ။ အပျက်အစီးစာရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး " ဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး