ဟေတီရှိ ဆန္ဒပြမှုများအတွင်း ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး ၊ သုံးဦး ဒဏ်ရာရ

ဟေတီရှိ ဆန္ဒပြမှုများအတွင်း ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး ၊ သုံးဦး ဒဏ်ရာရ

ဟေတီနိုင်ငံ၌ အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်တို့တွင် ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ ယင်းဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

သေနတ်ဒဏ်ရာကြောင့် နိုင်ငံခြားသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ တစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် ပြင်သစ်သူတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ ဟေတီဖွား အမေရိကန်နိုင်ငံသား ခရီးသွားတစ်ဦးဖြစ်သည်။

လက်နက်ကိုင်အမျိုးသားတစ်စုသည် လေဆိပ်မှ မြို့တွင်းသို့ပို့ဆောင်ပေးသည့် ယာဉ်တစ်စင်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သည်။
    မြို့တော်တွင်း လူဆိုးဂိ်ုဏ်းများကြား တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်သည် မော်တော်ဆိုင်ကယ်တက္ကစီဖြင့် သွားလာနေစဉ် လူဆိုးဂိုဏ်းတစ်ခုက ၎င်းကိုတားဆီးပြီး ပစ်သတ်ကာ ရုပ်အလောင်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဂါရီ ဒရိုစီယာကပြောဆိုခဲ့သည်။
    မြို့တော်ရှိ စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများကို မစုံစမ်းမစစ်ဆေးပေးသည့်အတွက် သမ္မတနုတ်ထွက်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။