မုံရွာမြို့ ကန်သာယာတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချနေသော အလှမွေး ငါးအရောင်းဆိုင်တန်းတွင် ဝါသနာရှင်များ၏ တောင်းဆိုမှုကြောင့် အလှမွေးငါးအပြင် အလှ မွေးငါးနှင့် အိမ်မွေးတိရစ္ဆာန်များပါ ရောင်းပေးနေသည်ကို တွေ့ရသည်။
"အိမ်မွေးတိရစ္ဆာန်ဆိုတော့ အလှမွေးငါးတင်မကဘဲ အလှမွေးယုန်လေးတွေ၊ ြွကက်ဖြူလေး တွေ၊ ကျေးကျုတ်လေးတွေ၊ ကြက်တူရွေးလေးတွေကိုပါ တွဲရောင်းလာကြတာပါ။ ဝယ်မယ့် ဝါသနာရှင်တွေက မေးလာတော့ အိမ်မွေးတိရစ္ဆာန်တွေ တဖြည်းဖြည်း စုံစုံလင်လင်ရောင်းလာတာပါ။ အလှမွေးယုန်တစ်စုံကို အရင်က ကျပ် ၁၅၀ဝ၀ ရောင်းတယ်။ အခုဆိုင်တွေညှိပြီး တစ်ကောင်ကို ကျပ် ၅၀ဝ၀၊ ၆၀ဝ၀ နဲ့ရောင်းပေးနေပါတယ်" ဟု အလှမွေးငါးနှင့်ယုန်ရောင်းသူ ကိုဝဏ္ဏကပြောဆို သည်။
ယုန်များကို အိမ်တွင် အပျော်တမ်းမွေးရာကပွားများ များပြားသော်လည်း ယခင်က ရောင်း တမ်းမရှိ၍ အလကားပေးခဲ့ရာမှ လက်ရှိတွင်ရောင်းတမ်းရှိလာသည့်အတွက် အိမ်မွေးယုန်များကို ယူရောင်းပေးနေကြောင်း အလှမွေးယုန်မွေးသူ ကိုတာက ပြောဆိုသည်။
ဒီအတိုင်းလွှတ်ထား
"အခုလောလောဆယ် မွေးနေတဲ့ယုန်အမျိုးအစားလေးမျိုးက အင်ကူလာ- ရိုးရိုး သင်္ဘော၊ ယုန်- နားရွက်ကျယုန်နဲ့ တောယုန်တွေရောင်းကြတာပါ။ အဲဒီထဲက တောယုန်ကတော့ သတ်စား တဲ့သူတွေများလာတဲ့အတွက် အခုနောက်ပိုင်းရောင်းစရာကို မရတော့ပါဘူး။ အခုရောင်းနေတဲ့ အလှမွေးယုန်တွေကတော့ အိမ်လုံရင် ဒီအတိုင်းလွှတ်ထားလို့ရတယ်။ လူလည်းယဉ်တယ်၊ မကြောက်တော့ဘူး။ နားရွက်ကျယုန်ကတော့ တစ်ကောင်ကျပ်တစ်သိန်းကျော်ဆိုတော့ တင်ရောင်း တာ မရှိသလောက်ပါ" ဟု ၎င်းက ပြောဆိုသည်။
















