သိန်းသောင်းချီတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ကားအံဝှက်အတွင်းမှ ဖမ်းမိ

သိန်းသောင်းချီတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ကားအံဝှက်အတွင်းမှ ဖမ်းမိ

စစ်တွေမြို့တွင် ဇက်ပေါ်တင်ထားသည့် ကားတစ်စီး၏ အံဝှက်အတွင်းမှ သိန်းသောင်းချီတန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါနေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာသို့ ထွက်ခွာမည့် ကမ်းဇက်ထိုးရေယာဉ်ပေါ် တင်ဆောင်ထားသည့် မောင်တောမြို့နေ ကျော်နိုင် ၂၂ နှစ် မောင်းနှင်သည့် 2H/---- KLUGER အမျိုးအစား မော်တော်ယာဉ်ကို မူးယစ်သတင်းအရ ရေချမ်းပြင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ 
ထိုသို့စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ အနောက်ဘက်ရှိ အံဝှက်အတွင်း မိုင်းကိုင် စက္ကူဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀ဝ၀ဝ ပြား သိန်း ၁၈၆၀ဝ ဖိုးကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် စစ်တွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မအရ အမှုဖွင့်အရေးယူထားသည်။