ကလေးခရိုင်နှင့် ချင်းပြည်နယ်ရှိမြို့များ၌ မြေငလျင်တိုင်းစက်များ ကွင်းဆင်းတပ်ဆင်

ကလေးခရိုင်နှင့် ချင်းပြည်နယ်ရှိမြို့များ၌ မြေငလျင်တိုင်းစက်များ ကွင်းဆင်းတပ်ဆင်

အမေရိကန်နိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ မိမိဒေသအတွင်း မြေငလျင်ဘေး အန္တရာယ်လျော့ပါးရေးနှင့် မြေငလျင်တိုင်းတာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေး အဓိကရည်ရွယ်လျက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားပညာရှင် များက ကမ္ဘာလုံးဆိုင်ရာတည်နေရာပြစနစ်(Global Positing System-GPS) တိုင်းတာသည့် စက်ကိရိယာတပ်ဆင်ခြင်းလုပ်ငန်းကို နိုဝင်ဘာဒုတိယ ပတ်မှစတင်၍ ကလေးခရိုင်နှင့် ချင်းပြည်နယ်အတွင်းရှိမြို့နယ်များသို့ ကွင်း ဆင်းကာ နိုဝင်ဘာ ၃၀ ရက်အပြီး မြေငလျင်တိုင်းတာစက်ကိရိယာများ တပ် ဆင်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"မြေငလျင်လှုပ်လို့ရှိရင် မှတ်တမ်းတွေ တိတိကျကျ မှန်မှန်ကန်ကန်အနီး စပ်ဆုံးရနိုင်အောင်ရယ်၊ မြေငလျင်မှာတော့ ကြိုတင်သိတာမျိုးမရှိဘူး။ လှုပ် လာလို့ရှိရင် ဘယ်ပြတ်ရွေ့ကနေ ဘယ်လောက်အတိုင်းအတာနဲ့လှုပ်တယ် ဆိုတာမျိုးကိုတိုင်းတာပါ။ အခုလိုတပ်ဆင်ပေး တဲ့အတွက်ကြောင့် မိမိဒေသ အတွင်း မြေငလျင်ဘေးအန္တရာယ်လျော့ပါးရေးအတွက် အကျိုးကျေးဇူးများ စွာခံစားရမှာဖြစ်ပါတယ်"ဟု ကလေးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြောဆိုသည်။

ကွင်းဆင်းဆောင်ရွက်

အဆိုပါမြေငလျင်တိုင်းတာစက်ကိရိယာများကို ကလေးမြို့နယ်တွင် ကျောင်းတိုက်၊ ဆည်တော်ဦး၊ ကျီကုန်းနှင့်ဆည်တောကျေးရွာ၊ ကလေးဝမြို့နယ် တွင် ကလေးဝမြို့ပေါ်၊ သစ်ချောက်၊ တောင်ကြီး၊ ရွှေချောင်းဆုံနှင့်သက္ကယ် ကျင်းကျေးရွာ၊ မင်းကင်းမြို့နယ်တွင် ပျဉ်းကိုင်းကျေးရွာတို့၌ တပ်ဆင်ပေး လျက်ရှိသည့်အပြင် ချင်းပြည်နယ် တီးတိန်၊ ခိုင်ကမ်း၊ ဟိန်ဇိန်ကျေးရွာ၊ တွန်းဇံ၊ ဖလမ်း၊ ရိခေါဒါရ်မြို့များသို့သွားရောက်၍ စက်တပ်ဆင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တပ်ဆင်

မြေငလျင်တိုင်းတာစက် တပ်ဆင်ပေးခြင်းသည် မြန်မာ့မြေထုချပ် ကဘော် ပြတ်ရွေ့များ၏ အစိတ်အပိုင်းများရွေ့လျားနှုန်းကို အဓိကသိရှိနိုင်ရန်အတွက် သုတေသနပြုတပ်ဆင် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် မြန်မာ့မြေထုချပ် အောက်မှ ငုပ်လျှိုးဝင်ရောက်နေသော အိန္ဒိယမြေထုချပ်၏တိုးဝင်နေသည့် ရွေ့လျားမှုနှုန်းကို သိရှိနိုင်ရန်အတွက်ကိုလည်း အဆိုပါ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်တိုင်းတာသည့် စက်ကိရိယာ(ွဏှ)ကို မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံတို့တွင် တပ်ဆင်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး