ကသာမြို့ ရေအခက်အခဲရှိနေရာများအတွက် ခွင့်ပြုငွေကျပ်သန်း ၅၀ ဖြင့်ရေရရှိရေးလုပ်ကိုင်

ကသာမြို့ ရေအခက်အခဲရှိနေရာများအတွက် ခွင့်ပြုငွေကျပ်သန်း ၅၀ ဖြင့်ရေရရှိရေးလုပ်ကိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှ ရေ အခက်အခဲရှိသည့်နေရာများ ရေရရှိရန်အတွက် ၂၀၁၈--၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုလျာထားငွေ ကျပ်သန်း ၅၀ ဖြင့် ရေရရှိ ရေးစတင်လုပ်ကိုင်နေကြောင်း ကသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ် စားလှယ်ထံမှ သိရသည်။

တင်ပြခဲ့

ကသာမြို့ပေါ်ရပ်ကွက် ၁၁ ခု ရှိသည့် အနက် နွေရာသီတွင် ရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော တိုးချဲ့ရပ်ကွက်များဖြစ်သည့် (၅)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၉)ရပ်ကွက်တို့တွင် နွေရာသီ ရေအခက်အခဲမရှိစေရေးနှင့် အိမ် တွင်းမှုသင်တန်းကျောင်း၊ ကားကြီးဝင်း၊ အသေး စားစက်မှုလက်မှုလုပ်ငန်းများနှင့် ယခုထပ်မံ တည်ဆောက်လျက်ရှိသော ကသာပညာရေး ကောလိပ်တို့တွင် တိုးချဲ့ရေပေးဝေနိုင်ရေး အတွက် လိုအပ်ချက်များကူညီဆောင်ရွက်ပေး ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က ၂၀၁၇ ခုနှစ် ဧပြီလတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။

"နိုဝင်ဘာ ၁၄ ရက်မှစတင်ပြီး မြေနေရာ ရှင်းလင်းခြင်းလုပ်ငန်းများကို ရေရရှိရေးကော် မတီနဲ့ မြို့မိမြို့ဖတွေပူးပေါင်းပြီး ဆောင်ရွက် နေပါပြီ။ ကသာမှာ ကံကောင်းတာက သဘာဝ ကပေးတဲ့နေရာ စပါးပုံတောင်က ရေထွက်အား ကောင်းတယ်။ ရေအခက်အခဲဖြစ်ကြတဲ့ တိုးချဲ့ ရပ်ကွက်ရှိတဲ့နေရာတွေကို ဦးစွာပထမ ရေသုံး စွဲမှုအဆင်ပြေလာအောင် ဆောင်ရွက်မယ်။ နောက်ရေရှည်မှာ မြို့တွင်း ရေမီတာစနစ်နဲ့ ရေပေးဝေပေးမယ်"ဟု ကသာမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောဆိုသည်။

ကသာမြို့တွင် တိုးချဲ့ရေပေးဝေနိုင်ရန် အတွက် ၂၀၁၇ ခုနှစ် ဧပြီ ၄ ရက်မှ ၁၈ ရက် အထိ တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးမှ တာဝန် ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အင်ဂျင်နီယာများ၊ မြို့မိမြို့ဖများပါဝင်သည့်အဖွဲ့မှ စပါးပုံတောင်၊ ဆူးပုတ်တောင်၊ အောင်ပုံချောင်းနှင့် အောင်း ပင်ချောင်း စမ်းရေထွက်များ၏ ရေထွက်နှုန်း အနေအထား၊ မြေပြင်အနေအထား၊ သဘာဝ ပတ်ဝန်းကျင်အနေအထားများသိရှိရန် ကွင်း ဆင်းလေ့လာရာ စပါးပုံတောင်စမ်းရေထွက် သည်အကောင်းဆုံးဖြစ်ကြောင်း ညှိနှိုင်း သဘောတူရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကသာမြို့တွင် စည်ပင်နှင့်ပုဂ္ဂလိကမှ ရေ ရယူသုံးစွဲနိုင်သော စုစုပေါင်း လွှမ်းခြုံမှုမှ ၈၆ ရာခိုင်နှုန်းသာ ရေပေးဝေနိုင်သဖြင့် ၁၄ ရာခိုင် နှုန်းခန့် ထပ်မံပေးဝေနိုင်မှသာ ၁၀ဝ ရာခိုင်နှုန်း လွှမ်းခြုံပေးဝေနိုင်မည်ဖြစ်သည်။

လက်ရှိ ရေပေးဝေရာတွင် အောင်းပင် ချောင်း၊ ဆူးပုတ်ချောင်း၊ စပါးပုံတောင်စိမ့် စမ်းရေထွက်တို့မှ လေးလက်မပိုက်များဖြင့် သွယ်တန်း၍ ရေပေးဝေနေပြီး ဂါလန် ၃၅၀ဝ၀၊ ရေစုကန် နှစ်ကန်၊ အများသုံးရေကန် ၂၅ ကန်နှင့် အိမ်သွယ်ရေတိုင် ၃၈၀ ခုရှိပြီး တစ်ရက်လျှင် ရေဂါလန် ၁၂၀ဝ၀ဝ ပေးဝေ လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး