အမြန်လမ်းတွင် ကိုယ်ပိုင်ယာဉ် နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမဘေး၌ ကာရံထားသော ဂိတ်ဝေးတန်းများကို တိုက်မိ

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဉ် နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမဘေး၌ ကာရံထားသော ဂိတ်ဝေးတန်းများကို တိုက်မိ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ကိုယ်ပိုင်ယာဉ်တစ်စီး နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမဘေးတွင် ကာရံ ထားသော ဂိတ်ဝေးတန်းများအား ဝင်ရောက်မိပြီး လူငါးဦးထိခိုက် ဒဏ်ရာရရှိမှုနိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင်  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၃၁/ဝ-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ဒဏ်ရာ ရရှိမှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော WISH ယာဉ်သည် အခင်းဖြစ်နေရာအရောက် နောက်ဘီးပေါက်ကာ အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးတွင် ကာရံထားသော ဂိတ်ဝေးတန်းများကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ် တွင် လိုက်ပါလာသူ ငါးဦးတွင် ထိခိုက်ပွန်းရှဒဏ်ရာ များ အသီးသီးရရှိခဲ့ပြီး ယာဉ်မောင်းကို ပန်းတင်အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။