မန္တ​လေးတိုင်း​ဒေသကြီးအတွင်း မသင်္ကာသူများကို စစ်ဆေးရာက ဘိန်းဖြူနှင့် ​စိတ်​ကြွ​ဆေးပြားများ သိမ်းဆည်းရမိ

မန္တ​လေးတိုင်း​ဒေသကြီးအတွင်း မသင်္ကာသူများကို စစ်ဆေးရာက ဘိန်းဖြူနှင့် ​စိတ်​ကြွ​ဆေးပြားများ သိမ်းဆည်းရမိ

မန္တ​လေးတိုင်း​ဒေသကြီးအတွင်း မသင်္ကာသဖြင့် စစ်ဆေးရာက ဘိန်းဖြူနှင့် စိတ်​ကြွ​ဆေးပြားများ လက်​ဝယ်​​တွေ့ရှိသယ်​​ဆောင်​သူများကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းအသီးသီး၌ အမှုဖွင့် အ​ရေးယူထားကြောင်း နိုဝင်ဘာ ၂၂ ရက်က သိရသည်​။

နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်​ မန္တ​လေးမြို့ အောင်မြေသာစံမြို့နယ်၊ ၁၆ လမ်းနှင့် ကမ်းနားလမ်းထောင့်၊ စက်ရိပ်ကူးတို့ဆိပ်မှ တက်လာသော သော်ဇင်ထွန်း(ခ)သော်ဇင် ၂၂ နှစ်ကို မသင်္ကာသဖြင့်   ကျောက်သပိတ်ရဲကင်းမှူးနှင့်အဖွဲ့က စစ်​​ဆေးခဲ့သည်​။

၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီ အိတ်ကပ်အတွင်းမှ ဆေးလိပ် ဘူးခွံအတွင်း ဘိန်းဖြူ ဖြူ/ဝါရောင်အမှုန့်အလေးချိန် သုည ဒသမ ၁ ဂရမ်ခန့်၊ ငွေ/ရွှေရောင်ခဲစက္ကူအပိုင်းအစ ၂ ခု အား တွေ့ရှိသိမ်းဆည်းရမိသည်​။

ထို့ပြင်​ နိုဝင်​ဘာ ၂၀  ရက် ည ၁၁ နာရီ ခွဲအချိန်တွင်​ မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ သက်သေများနှင့်အတူ မိုးကုတ်မြို့၊ လယ်ဦးအုပ်စု၊ အင်းချောက်ကျေးရွာအနီး လမ်းဆုံအနီး လမ်းလျှောက်လာသူ အင်းချောက်ကျေးရွာနေ အောင်လွင် ၃၁ နှစ် နှင့်  တစ်ရွာတည်းနေ ခနွဲဆေးလုပ် တို့ ၂ ဦးကို ရှာဖွေစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အောင်လွင် လွယ်ထားသော ဘေးလွယ်အိတ်အတွင်း ကော်ဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဖြူ/ဝါရောင်မှုန့် အလေးချိန် သုည ဒသမ ၄ ဂရမ်ခန့်ပါ ၅ ဘူး၊ ရာဟုလာ(ခ)ချောစီးပူး ဝတ်ဆင်ထားသော ဂျင်းအင်္ကျီဝဲဘက် အိတ်ကပ်အတွင်း ကော်ဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဖြူ/ ဝါရောင်မှုန့် အလေးချိန်သုည ဒသမ ၄ ဂရမ်ခန့်ပါ ၁ ဘူး၊ စုစုပေါင်း အလေးချိန် ၂ ဒသမ ၄ ဂရမ် ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်​။

ထိုနည်းတူ နိုဝင်​ဘာ၂၀ ရက် ည ၁၁ နာရီခွဲခန့်တွင် (၁၆)မိုင်စစ်ဆေးရေးစခန်းတွင်​  သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လားရှိုးမှ ရန်ကုန်သို့ မောင်းနှင်လာသည့်  ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ထိုင်ခုံအမှတ် ၁၉ တွင် လိုက်ပါလာသည့် ဧရာဝတီတိုင်းဒေသကြီး  ဘိုကလေးမြို့​နေ ငြိမ်းသူဦး (၁၉ နှစ်) ထိုင်သည့် ခုံအောက် ခုံအမှတ်(၁၉)လေဘယ်ကတ် တပ်ဆင်ထားသည့် အနက်ရောင်ကျောပိုးအိတ်အတွင်း အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ပြားစီပါ အထုပ် ၁၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ ထိုင်ခုံ အမှတ် ၂၂ တွင် လိုက်ပါလာသည့် နိုင်ရဲ (၁၈ နှစ်) ထိုင်သည့်ခုံအောက်တွင် ခုံအမှတ်(၂၂) လေဘယ်ကတ် တပ်ဆင်ထားသည့် နက်ပြာရောင်ကျောပိုးအိတ်အတွင်း အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ပြားစီပါ ၁၅၀ ထုပ် အား သိမ်းဆည်းရမိခဲ့​သည်။

အဆိုပါဖမ်းဆီးရမိသူ ငါးဦးအား သက်​ဆိုင်​ရာနယ်မြေရဲစခန်းများက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအသီးသီးအမှုဖွင့်အ​ရေးယူထား​ကြောင်း သိရသည်​။