အင်တာပိုအကြီးအကဲသစ်အဖြစ် တောင်ကိုရီးယား ရဲတပ်ဖွဲ့အရာရှိတစ်ဦးကို ခန့်အပ်

အင်တာပိုအကြီးအကဲသစ်အဖြစ် တောင်ကိုရီးယား ရဲတပ်ဖွဲ့အရာရှိတစ်ဦးကို ခန့်အပ်

အမေရိကန်၊ ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများက ပြင်းထန်စွာကန့်ကွက်ခဲ့ကြသော ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိဟောင်းကို ကျော်ပြီး တောင်ကိုရီးယားရဲတပ်ဖွဲ့အရာရှိတစ်ဦးဖြစ်သည့် ကင်ဂျောင်ယမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ 

နိုင်ငံရေးပြိုင်ဘက်များနှင့် ဝရမ်းပြေး အတိုက်အခံများကိုနောက်ယောင်ခံလိုက်ရာတွင် အသုံးပြုသည့် နိုင်ငံတကာရဲတပ်ဖွဲ့၏ စနစ်ကို ရုရှားနိုင်ငံ အလွဲသုံးစားလုပ်မည် စိုးရိမ်သောကြောင့် ရုရှား ပြည်ထဲရေးဝန်ကြီးဌာန အရာရှိဟောင်း အလက်ဇန်းဒါး ပရိုကော့ပ်ချက်ခ်၏ နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြီးအကဲသစ်အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုကို အမေရိကန်နှင့် ၎င်း၏ ဥရောပမိတ်ဖက်နိုင်ငံများက ကန့်ကွက်ခဲ့ကြသည်။ 

နိုဝင်ဘာ ၂၁ ရက် ဒူဘိုင်း၌ ပြုလုပ်သော အင်တာပို အထွေထွေညီလာခံတွင် ဆန္ဒမဲအရေအတွက်အနည်းဆုံး သုံးပုံနှစ်ပုံဖြင့် ကင်ဂျောင်ယမ်း အနိုင်ရရှိခဲ့သည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဖြင့် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသော နိုင်ငံတကာရဲတပ်ဖွဲ့ ဥက္ကဋ္ဌဟောင်း မင်ဟောင်ဝေနေရာတွင် ၂၀၂၀ ပြည့်နှစ်၌ စတင်ပြီး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ 

ကင်မ်ဂျောင်ယမ်းက ကြားဖြတ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး မင်ဟောင်ဝေ ရာထူးက နုတ်မထွက်ခင် နိုင်ငံတကာရဲတပ်ဖွဲ့၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်ခဲ့သည်။ 

အဆိုပါ နှစ်စဉ် အထွေထွေ ညီလာခံသို့ နိုင်ငံတကာရဲတပ်ဖွဲ့အဖွဲ့ဝင် ၁၉၄ နိုင်ငံတက်ရောက်ခဲ့ကြသည်။ နိုင်ငံတကာရဲတပ်ဖွဲ့အဖွဲ့အစည်းသည် ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် အခြေစိုက်ပြီး အခြားနိုင်ငံက ဖမ်းဆီးရန် လိုအပ်သော သံသယရှိသူကို ဖမ်းဆီးပေးခြင်းနှင့် ကမ္ဘာ့အလိုရှိဆုံးစာရင်းတွင် ထည့်သွင်းပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပတ်သက်သည့် ပရိုကော့ပ်ချက်ခ်ကို ရွေးချယ်တင်မြှောက်မှုက နိုင်ငံတကာတရားရေးအေဂျင်စီနှင့်  နိုင်ငံအချင်းချင်း ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံရေးသဘောသက်ရောက်မှုကို လျော့ပါးစေနိုင်သည်ဟု ရုရှားထိပ်တန်း ဝေဖန်ရေးသမားနှစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် သတိပေးခဲ့သည်။

ပရိုကော့ပ်ချက်ခ် ဝင်ရောက်ရွေးကောက်ခံမှုနှင့်ပတ်သက်ပြီး ရုရှားအစိုးရက ၎င်း၏ နိုင်ငံရေးပြိုင်ဘက် နိုင်ငံများကို နှောင့်ယှက်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) လုပ်ငန်းစဉ်များကို အလွဲသုံးစားပြုလုပ်နိုင်ကြောင်းအမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂါရက် မာကစ်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ 

အင်တာပို၏ အစိတ်အပိုင်းတစ်ခုဖြစ်သော နိုင်ငံများနှင့် အဖွဲ့အစည်းများကို အများယုံကြည်လက်ခံနိုင်စွမ်းရှိသော သမာဓိ ကောင်းသည့် ခေါင်းဆောင်ကို ရွေးချယ်ကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။