ဆီးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရေး ဆွေးနွေးရန် ကုလသမဂ္ဂမျှော်မှန်း

ဆီးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရေး ဆွေးနွေးရန် ကုလသမဂ္ဂမျှော်မှန်း

ကုလသမဂ္ဂ ” ပြည်တွင်းစစ် အဆုံးသတ်ရန်နှင့် ရွေးကောက်ပွဲကျင်းပရန် အရေးပါသည့် ဆီးရီးယားနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းတစ်ခု ရေးဆွဲမည့် ကော်မတီတစ်ရပ်၌ ပါဝင်ရန် ဆီးရီးယားလူမျိုး ၁၅၀ ကို ဒီဇင်ဘာလလယ်တွင် ဖိတ်ကြားချက်များ ပေးပို့ရန် ကုလသမဂ္ဂသည် မျှော်မှန်းနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက်က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့က စတက်ဖန်ဒီမစ်တူရာက ကုလသမဂ္ဂသည် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပရန် ရည်ရွယ်ထားသည်ဟု လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

သို့သော် ဇန်နဝါရီ ၃၀ ရက်က ရုရှားက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ကာ ဆိုချီ၌ပြုလုပ်ခဲ့သည့် ဆီးရီးယား ငြိမ်းချမ်းရေးညီလာခံတွင် ၎င်း၏ အခွင့်အာဏာအရ ထည့်သွင်းထားသည့် အရပ်သား အဖွဲ့အစည်း၊ကျွမ်းကျင်သူများ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ၊  မျိုးနွယ်စု ခေါင်းဆောင်များနှင့် အမျိုးသမီးများပါဝင်သည့် အဖွဲ့ဝင် ၅၀ ကို ဆီးရီးယားအစိုးရ က ကန့်ကွက်နေသည်ဟု ဒီမစ်တူရာက ပြောသည်။ ဆိုချီ သဘောတူညီချက်အရ အဆိုပါကော်မတီတွင် အဖွဲ့ဝင် ၁၅၀ ပါဝင်ရန်ဖြစ်သည်။ 

အစိုးရဘက်က ကိုယ်စားလှယ် ၅၀ နှင့် အတိုက်အခံဘက်က ကိုယ်စားလှယ် ၅၀ ပါရှိရန် သဘောတူညီချက် ရရှိထားပြီဖြစ်သည်။

သို့သော် ကျန်အဖွဲ့ဝင်များနှင့် ပတ်သက်၍သဘောတူညီချက် မရရှိပါက ကုလသမဂ္ဂက ယခုအဆင့်တွင် ယုံကြည်လက်ခံနိုင်အောင်ဖွဲ့စည်းပုံအခြေခံကော်မတီ ဖွဲ့စည်းရန် မဖြစ်နိုင်ကြောင်း မှတ်ချက်ပြုရလိမ့်မည်ဟု ဒီမစ်ဆူရာက သတိပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် အငြင်းပွားနေသည့် ကိုယ်စားလှယ် ၅၀ စာရင်းကို ပြောင်းလဲရန် အပြုသဘောဆောင်ကာ အစွန်းမရောက်သည့်အကြံပေးချက်များကို ကြိုဆိုကြောင်း ၎င်းကပြောသည်။ သို့သော် ကိုယ်စားပြုပါဝင်ပြီးသည့် နိုင်ငံရေးခေါင်းဆောင်များဖြင့် စာရင်းတွင် ဖြည့်စွက်မရကြောင်းကို ၎င်းက အလေးအနက်ထား ပြောကြားသည်။

ဒီမစ်ဆူရာသည် ဒီဇင်ဘာလကုန်တွင် ရာထူးက ဖယ်ပေးရမည်ဖြစ်သော်လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတီဖန်ဒူဂျာရစ်က ဆီးရီးယားဆွေးနွေးပွဲတွင် အလွန်အရေးပါသည့်အချိန်၌ လစ်ဟာမှုမရှိစေရန် အချိန်အနည်းငယ်ကြာမြင့်စွာ ဆက်လက် တာဝန်ယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။ ၎င်း၏နေရာတွင် ဝါရင့် နော်ဝေးသံအမတ်ကြီး ဂျီယာပီဒါဆန်က ဆက်ခံမည်ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲမည့်ကော်မတီဖွဲ့စည်းရန် ကြိုးပမ်းမှုတွင် လာမည့် ရက်သတ္တပတ်များသည်  အရေးကြီးအြေရေးကြီးကြောင်း ဒီမစ်ဆူရာက ပြောကြားသည်။