ဂွာတီမာလာစီးတီး ” ဂွာတီမာလာရှိ ဠသခေူညသ သ် င်္ငမန မီးတောင်က နီရဲပူခြစ်နေသော ကျောက်တုံးနှင့် ပြာများ ကောင်းကင်သို့ ပန်းထွက်လာကာ ယခုနှစ်အစောပိုင်းက ပြင်းထန်စွာပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီး ခဲ့သော နေရာသို့ တောင်စောင်းတစ်လျှောက် စီးဆင်းလာသဖြင့်။ အနီးဝန်းကျင်တွင် နေထိုင်သူ ၄,ဝ၀ဝ ခန့် နိုဝင်ဘာ ၁၉ ရက်က ထွက်ပြေးခဲ့ရသည်
ပေ ၁၂,၃၀ဝ မြင့်သောတောင်က ပေါက်ကွဲ မှုများကြောင့် အိမ်များလှုပ်ခါခဲ့ကာ မီးရထားမောင်းသကဲ့သို့ အသံများ အဆက်မပြတ် မြည်ခဲ့ကြောင်း ဂွာတီမာလာ၏ မီးတောင် သိပ္ပံပညာရပ်ဆိုင်ရာ ဌာနက ဆိုသည်။
မီးတောင်ဝမှ အမြင့်ပေ ၃,၂၀ဝ အထိ အရာဝတ္ထုများ ပေါက်ကွဲထွက်ပြီး ပူသော ကျောက်တုံးကျောက်ခဲများနှင့် ပြာများသည် မီးတောင်၏ တောင်ခါးပန်းတစ်လျှောက် နှစ်မိုင်ခန့် စီးဆင်းသွားသည်။
မီးတောင် ချော်ခဲအပိုင်းအစများသည် တောင်စောင်း တစ်လျှောက် ချောက်ကြီးများထဲသို့ စီးဆင်းလာစဉ်၊ တိုင်လုံးပုံစံရှိပြာများသည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၂၃,ဝ၀ဝ နီးပါးအထိ မြင့်တက်ကာ အရှေ့ဘက် ဂွာတီမာလာစီးတီးသို့ ဦးတည်ရွေ့သွားသည်။
ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် သဘာဝ ဘေးအန္တရာယ် ညှိနှိုင်းဆောင်ရွက်ရေး အာဏာပိုင်များက ကြေညာသည်ကို အလေး ထားသည့် ရာပေါင်းများစွာသော မိသားစုများသည် ခိုလှုံရာနေရာသို့ ခေါ်ဆောင်မည့် အဝါရောင် ကျောင်းကားများပေါ်သို့ စုံပြုံ တက်ကြသည်။
နိုဝင်ဘာ ၁၉ ရက် အစောပိုင်း၌ လူ ၃,၉၂၅ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မရှင်က ဆိုသည်။
အချိန်နာရီများစွာ ကုန်လွန်သွားပြီးနောက် မီးတောင်၏ လှုပ်ရှားမှုအရှိန် လျော့လာသဖြင့် လူအများက ၎င်းတို့၏ အိမ်များသို့ ပြန်ရန်နှင့် မိတ်ဆွေများ၊ သို့မဟုတ် မိသားစုများနှင့် ခိုလှုံရာနေရာတွင် နေရန် ဆုံးဖြတ်ကြသည်။
အမေရိကအလယ်ပိုင်း ဂွာတီမာလာရှိ ထိုမီးတောင်သည် မီးတောင်ရှင်တစ်ခုဖြစ်ကာ ဇွန်လက ပေါက်ကွဲမှုတွင် လူ ၁၉၄ ဦး သေဆုံးခဲ့ပြီး ၂၃၄ ဦးမှာ ပျောက်ဆုံးနေသည် ဟု တရားဝင်သိရသည်။
အောက်တိုဘာလ၌ ထိုမီးတောင်က ပြာများနှင့် ပူနေသော ကျောက်တုံးကျောက် ခဲများကို ထပ်မံပန်းထုတ်ခဲ့ရာ အနီးအနားရှိ နေထိုင်သူများသို့ သတိပေးနှိုးဆော်သလို ဖြစ်ခဲ့သည်။
မီးတောင်၏ အကြီးမားဆုံး ဘေးအန္တရာယ် မှာ ပြာ၊ ကျောက်တုံးကျောက်ခဲ၊ ရွှံ့နှင့် အကျိုး အပဲ့များ၏ အရောအနှောဖြစ်ပြီး ၎င်းသည် မြို့များကို လုံးဝ ဖုံးအုပ်သွားနိုင်သည်။ နိုဝ-င်ဘာ ၁၉ ရက်၌ လူများနေထိုင်ရာ နေရာ များသို့ ယင်းသို့စီးဆင်းမှုများနှင့်ပတ်သက်၍ သတင်းများမရှိခဲ့ပေ။

















