ပြည်တွင်းတိုက်ပွဲများကြောင့် ယီမင် ရှေးဟောင်းအဆောက်အအုံနေရာများ ပျက်စီး

ပြည်တွင်းတိုက်ပွဲများကြောင့် ယီမင် ရှေးဟောင်းအဆောက်အအုံနေရာများ ပျက်စီး

ကိုင်ရို ” လွန်ခဲ့သည့်လေးနှစ်အတွင်း မြေပြင်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှေးဟောင်းအဆောက်အအုံနေရာ အနည်းဆုံး ၃၄ ခု ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရသည်ဟု ထင်ရှားသည့် ယီမင် လူ့အခွင့်အရေးအုပ်စုတစ်စုက မှတ်တမ်းတင်ထားကာ ယီမင်နိုင်ငံရှိ အမှတ်တရနေရာများကို ကာကွယ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းကို တိုက်တွန်းလိုက်သည်။

သမိုင်းအရည်အသွေး နိမ့်ကျပျက်စီးခြင်း} ဟု ခေါင်းစဉ်တပ်ထားသည့် ရှည်လျားသော ထိုအစီရင်ခံစာကို နိုဝင်ဘာ ၁၅ ရက်ကထုတ်ပြန်ခဲ့ကာ ယီမင် လူ့အခွင့်အရေးဆိုင်ရာ မော်ဝါတာနာ အဖွဲ့အစည်းက တိုက်ခိုက်ခံရသည့် ရှေးဟောင်းအဆောက်အအုံနေရာများနှင့် သမိုင်းဝင် အဆောက်အအုံများတွင် အလုပ်လုပ်နေသည့် လူ ၇၅ ယောက်၏ သက်သေခံ အချက်အလက်များကို စုစည်းဖော်ပြခဲ့သည်။ အဆိုပါနေရာများမှာ မြို့တော်ဆန်နာ၊ အေဒင်နှင့် အရှေ့ပိုင်းရှိ မာရစ်ဘ်မြို့အပါအဝင် ပြည်နယ်ကိုးခုတွင် တည်ရှိသည်။

ယီမင်ရှိ ဟူသီသူပုန်များက ၎င်းတို့နေထိုင်ရာ ကုန်းမြင့်ဒေသများမှ ဆင်းလာပြီး နိုင်ငံမြောက်ပိုင်းဒေသအများစုကို သိမ်းပိုက်ခဲ့သည့် ၂၀၁၄ ခုနှစ်လယ်ပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဟူသီတို့က တရားဝင်အစိုးရကို နိုင်ငံမှ ထွက်ပြေးရန်အင်အားသုံးခဲ့ပြီး အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများ၏ စစ်ရေးစွက်ဖက်မှုကို ရယူခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် အစိုးရကို ထောက်ခံသည့် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီတို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ မြေပြင်၊ ရေပြင်နှင့် လေကြောင်းဝင်ထွက်သွားလာခွင့် ပိတ်ဆို့ထားခဲ့သည်။ လအနည်းငယ်အတွင်း ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီတို့ကို ဒေသမြောက်ပိုင်းက တိုက်ထုတ်ခဲ့သော်လည်း မြောက်ပိုင်းဒေသမှာ ဟူသီတို့၏လက်ထဲတွင် ကျန်ရှိနေသည်။

ထိခိုက်ပျက်စီးသည့် ရှေးဟောင်းအဆောက်အအုံနေရာများတွင် မြို့တော် ဆန်နာရှိ ရှေးဟောင်းမြို့တော်အပိုင်း ပါဝင်ကာ အဆိုပါ ရှေးဟောင်းမြို့တော်သည် ယူနက်စကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာများစာရင်းတွင် ပါရှိသည်။ အဆိုပါနေရာသည် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ခံရကာ ရှေးဟောင်းအဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်။ ဟူသီတို့က ရှေးဟောင်းအဆောက်အအုံ နေရာအချို့ကို စစ်တပ်အဆောက်အအုံများအဖြစ် ပြောင်းလဲခဲ့ရာ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က အဆိုပါနေရာများကို တိုက်ခိုက်ရာ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများ အလွန်အမင်း ပျက်စီးခဲ့ရသည်။

အစီရင်ခံစာတင်သွင်းသည့် မာဝါတာနာအဖွဲ့အစည်းက တိုက်ပွဲတွင် ပါဝင်သူများသည် သမိုင်းကြောင်းနေရာများကို ရန်သူလိုသဘောထားသည်ဟု စွပ်စွဲပြောကြားခဲ့သည်။ ယီမင်ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို အကာအကွယ်ပေးရန်၊ တာဝန်ယူရန် နိုင်ငံတကာအဖွဲ့အစည်းကို ၎င်းတို့က တိုက်တွန်းပြောကြားကာ တိုက်ပွဲတွင် ပါဝင်သူများသည် တာဝန်ခံယူမှုမရှိဘဲ လုပ်ချင်ရာလုပ်နေကြ သည်ဟု ပြောသည်။     သက်တမ်း နှစ် ၃çဝ၀ဝ နီးပါးရှိကာ ကမ္ဘာပေါ်တွင် သက်တမ်းရှည်ကြာဆုံးဖြစ်သည့် မာရစ်ဘ်ရေကာတာကြီးအပေါ် စစ်ပွဲ၏ အကျိုးသက်ရောက်မှုကိုလည်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။ 

တောင်များက ဖြတ်ယူထားသည့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် အဆိုပါ ရောကာတာကြီးကို ယီမင်လူမျိုးတို့က ဂုဏ်ယူကြခြင်းမှာ ၎င်းတို့၏ ရှေးကျသောယဉ်ကျေးမှုထွန်းကားရာ သင်္ကေတတစ်ခု ဖြစ်ခြင်းကြောင့်ဖြစ်သည်။ အဆိုပါ ရေကာတာ၏ မြောက်ဘက်တံခါးပေါက်ကို မေလ ၂၀၁၅ ခုနှစ်က ညွန့်ပေါင်းတပ်ဖွဲ့များက ပိတ်ထားခဲ့ခြင်းမှာ ဟူသီတို့က အဆိုပါနေရာအနီးတွင် တပ်စွဲထားခြင်းကြောင့် ဖြစ်သည်။

ဘာရာကစ်ရှ်သည် ဘီစီ ၅ ရာစုက ဘာသာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အချာ နေရာတစ်ခုဖြစ်ခဲ့သည်။ ထိုနေရာတွင် ထင်ရှားသည့် ဘုရားကျောင်းများနှင့် ယီမင်နိုင်ငံ၏ နာမည်ကျော် အမွေးတိုင်များ ရောင်းဝယ်ရာ ဧဟိုဌာနဖြစ်သည်။ ဟူသီတို့က ၂၀၁၅ ခုနှစ် သြဂုတ်လလယ်က အဆိုပါနေရာကို ထိန်းချုပ်ခဲ့သည်။ ထိုနေရာကို လက်နက်သိုဝှက်ရာနေရာအဖြစ် သုံးခဲ့ရာ ညွန့်ပေါင်းတပ်ဖွဲ့က ထိုနေရာကို တစ်ကြိမ်ထက်မက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။