အိုဘားမား တရားသူကြီးများဟု ထရမ့် ဝေဖန်ချက် အမေရိကန် တရားသူကြီးချုပ် တုံ့ပြန် ဗဟိုအမေရိက ခိုလှုံသူများကို တားဆီးရန်ချထားသည့် တပ်ဖွဲ့များ လက်နက်အင်အားမသုံးဟု ဆို

အိုဘားမား တရားသူကြီးများဟု ထရမ့် ဝေဖန်ချက် အမေရိကန် တရားသူကြီးချုပ် တုံ့ပြန် ဗဟိုအမေရိက ခိုလှုံသူများကို တားဆီးရန်ချထားသည့် တပ်ဖွဲ့များ လက်နက်အင်အားမသုံးဟု ဆို

ဗဟိုအမေရိက ရွှေ့ပြောင်းခိုလှုံသူများကို အင်အားသုံး တားဆီးမည့် ၎င်း၏ အစီအစဉ်ကို တရားရုံးက ပိတ်ပင်လိုက်မှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က တရားသူကြီးများသည် အိုဘားမားခေတ် တရားသူကြီး များဖြစ်သည်ဟု ဝေဖန်မှုအပေါ် ဗဟိုတရားရုံးချုပ် တရားသူကြီးချုပ် ဂျွန် ရောဘတ်က တုံ့ပြန်ချေပလိုက်ကြောင်း သိရသည်။

"ဒို့ဆီမှာ အိုဘားမား တရားသူကြီးဆိုတာမျိုး မရှိဘူး၊ ဘုရှ် တရားသူကြီး၊ ကလင်တန် တရားသူကြီး ဆိုတာမျိုးတွေလည်း မရှိဘူး။ ဘယ်သမ္မတရဲ့ သြဇာခံ တရားသူကြီးမှ မရှိဘူး။ အားလုံးဟာ တရားဥပဒေရှေ့မှောက် ရောက်လာသူတိုင်း တူညီတဲ့ အခွင့်အရေးခံစားနိုင်အောင် တစိုက်မတ်မတ် အားထုတ်နေကြတဲ့ တရားသူကြီးတွေချည်းပဲ" ဟု တရားသူကြီးချုပ် ဂျွန် ရောဘတ်က တုံ့ပြန်ခဲ့သည်။

တရားသူကြီးချုပ် ဂျွန် ရောဘတ်သည် သမ္မတ ထရမ့်ကို ဝေဖန်ခဲ့သူဖြစ်သည်။ အမေရိကတွင် လောင်းရိပ်ကင်းသော တရားရေးစနစ် တည်ရှိနေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းလည်း တရားသူကြီးချုပ်က ပြောသည်။

သမ္မတ ထရမ့်သည် ခိုလှုံသူအခွင့်အရေးများ တိုးမြှင့်ပေးခဲ့သော သမ္မတဟောင်း ဘားရတ် အိုဘားမားကို ပြင်းထန်စွာ တိုက်ခိုက်ထိုးနှက်လေ့ရှိသူဖြစ်သည်။

ဟွန်ဒူးရက်စ်၊ ဂွာတီမာလာ၊ အယ်ဆာဗေဒိုး စသည့် ဗဟိုအမေရိကနိုင်ငံများမှ နိုင်ငံရေး၊ စီးပွားရေး ကျပ်တည်းမှုများကြောင့် ရွှေ့ပြောင်းလာသည့် ခိုလှုံသူ သုံးထောင်ခန့်သည် အမေရိကန်နယ်စပ် မက္ကဆီကိုဘက်ခြမ်း တီဟွာနာမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

နယ်စပ်တွင် စစ်သည် ၅၈၀ဝ ကို သမ္မတ ထရမ့်အမိန့်ဖြင့် ချထားသော်လည်း ထိုတပ်ဖွဲ့များသည် လက်နက်သုံးမည် မဟုတ်သလို၊ ခိုလှုံသူများအား ဖမ်းဆီးထိန်းသိမ်းခြင်းမျိုးလည်း ပြုမည်မဟုတ်ဘဲ၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအပေါ် ကျရောက်လာနိုင်ခြေရှိသည့် အန္တရာယ်များကို ကာကွယ်ပေးရန်သာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျင် မတ်တစ်ကလည်း ပြောသည်။