ဂျေရုဆလင်မြို့တော်ဟောင်း ကေဘယ်လ်ကား အစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်

ဂျေရုဆလင်မြို့တော်ဟောင်း ကေဘယ်လ်ကား အစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်

ဂျေရုဆလင် ” ဂျေရုဆလင်ရှိ သမိုင်းဝင် မြို့တော်ဟောင်းသို့ ကေဘယ်လ်ကားဖြင့်ဆက်သွယ်မည့် အစ္စရေး၏ အစီအစဉ်ကို ဗိသုကာပညာရှင်များနှင့် ပါလက်စတိုင်းအရေးလှုပ်ရှားတကြွ်ကသူများက တညီတညွတ်တည်း ကန့်ကွက်ကြကာ အဆိုပါစီမံကိန်းသည် အမြင်မတင့်တယ် ကြောင်းနှင့် မြို့တော်၏ အရှေ့ဘက်ခြမ်းကို အစ္စရေးတို့၏ထိန်းချုပ်မှုကို ခိုင်မာစေရန် ပရိယာယ်တစ်ခုဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

အဆိုပြုထားသည့် အဆိုပါစီမံကိန်းသည် ယာဉ်ကြောပိတ်ဆို့မှုသက်သာစေရန်နှင့် ဂျေရုဆလင်အရှေ့ပိုင်းရှိ မြို့တော်ဟောင်းသို့ အနောက်ပိုင်းမှ တိုက်ရိုက်သွားနိုင်ကာ တစ်နာရီလျှင် ကမ္ဘာလှည့်ခရီးသည် ၃çဝ၀ဝ ခန့်ပို့ဆောင်ပေးနိုင်မည်ဟု စီမံကိန်းတည်ဆောက်သူများက ပြောသည်။

အခြားရှုပ်ထွေးသည့် ကိစ္စရပ်မှာ အဆိုပါစီမံကိန်းသည် အီလက်ဒ်ဖောင်ဒေးရှင်းနှင့် ဆက်နွှယ်နေကာ အဆိုပါ ဖောင်ဒေးရှင်းသည် ဂျူးအမျိုးသားရေးဝါဒီများကို ဂျေရုဆလင်၏ အာရပ်အိမ်နီးချင်းများအလယ်တွင် နေရာချထားပေးသည့် အုပ်စုဖြစ်သည်။ ကေဘယ်လ်ကား လမ်းဆုံးမည့်နေရာမှာ ထိုဖောင်ဒေးရှင်းက လုပ်ကိုင်နေသည့် ကမ္ဘာလှည့်ခရီးသွားစင်တာနှင့် ပေါင်းဆုံမည်ဖြစ်သည်။

"ဒီကေဘယ်လ်ကားတွေက ပါလက်စတိုင်းတွေရဲ့ ခေါင်းပေါ်ကဖြတ်ပြီးတော့ ကမ္ဘာလှည့်ခရီးသည်တွေကို သိမ်းပိုက်ခံထားရတဲ့ ဂျေရုဆလင်အရှေ့ဘက်ခြမ်းရဲ့ အလယ်ကို ပို့ပေးမှာဆိုတော့ ဒါက မုန်တိုင်းရဲ့ဗဟိုချက်၊ အစ္စရေး-နဲ့ ပါလက်စတိုင်း ပဋိပက္ခရဲ့ ဗဟိုချက်ပဲ" ဟု မြို့တော်တွင် တန်းညီမျှမှုကို အားပေးသည့် လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့က ဘက်တီဟာ့ရှ်မန်းက ပြောသည်။

ထုံးကျောက်နံရံများ ကာထားသည့် မြို့တော်ဟောင်းတစ်လျှောက် ဂျေရုဆလင် အရှေ့ဘက်ခြမ်းကို အစ္စရေးတို့က ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် နောက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့သည်။ ထိုသိမ်းပိုက်မှုကို နိုင်ငံတကာက အသိအမှတ်မပြုခဲ့ပေ။ ပါလက်စတိုင်းတို့က အနာဂတ်နိုင်ငံတော်၏မြို့တော်အဖြစ် အရှေ့ဘက်ခြမ်းကို တောင်းဆို သော်လည်း အစ္စရေးတို့က မြို့တစ်ခုလုံးကို မခွဲခြားထားသည့်မြို့တော်အဖြစ် ထာဝရတည်ရှိမည်ဟု သတ်မှတ်ထားသည်။ အဆိုပါ ပဋိပက္ခကြောင့် အရှေ့ဂျေရုဆလင်သည် အစ္စရေးနှင့်ပါလက်စတိုင်း အငြင်းပွားမှု အလယ်ဗဟိုတွင်ရှိကာ မကြာခဏ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။

မကြာသေးခင်နှစ်များက အစ္စရေးသည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟု သတ်မှတ်ကြေညာကာ လုပ်ငန်းများကိုဆက်တိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ပါလက်စတိုင်းတို့ကိုဒေါသထွက်စေခဲ့သည်။ အစ္စရေးက မြို့တော်ဟောင်းနှင့်ထိစပ်ကာ အာရပ် အိမ်နီးချင်းနိုင်ငံများကိုကွေ့ကောက်ပြီး မြို့၏နှစ်ခြမ်းစလုံးကို ဖြတ်ကျော်ကာ ရထားသံလမ်း တစ်ခုတည်ဆောက်ခဲ့သည်။ အဆိုပါ ရထားလမ်းကို အာရပ်များနှင့် ဂျူးများက သဘောကျသော်လည်း တင်းမာမှုများဖြစ်ပေါ်လာပါက ထိုရထားလမ်းသည် ပါလက်စတိုင်း ဆူပူအြွုံကသူများ၏ ပစ်မှတ်ဖြစ်သည်။

နောက်ထပ်အဆိုပြုထားသည့် အစီအစဉ်မှာ ဂျေရုဆလင်ရှိမြို့တော်ဟောင်းအောက်၌ ရထားသွားရန် ဥမင်လိုဏ်ခေါင်းတစ်ခုတူးဖော်ခြင်းဖြစ်ကာ ထိုဥမင်လိုဏ်ခေါင်းသည် ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့ အထွတ်အမြတ်ထားရာ နေရာအနီး ဖြတ်ကျော်မည်ဖြစ်သည်။ အဆိုပြုထားသည့် ရထားလမ်းသည် ဂျေရုဆလင်ကို မြို့တော်အဖြစ် အသိအမှတ်ပြုပေးသည့်အတွက် အစ္စရေးတွင်လူကြိုက်များသည့် သမ္မတဒေါ်နယ်ထရမ့်၏ အမည်ပေးထားသည့် ဘူတာရုံရှိသည့် ဝက်စတန်းဝေါလ်တွင် အဆုံးသတ်မည်ဖြစ်သည်။

နိုင်ငံရေးအရ ဆန့်ကျင်မှုများနည်းတူ ကေဘယ်လ်ကားအစီအစဉ်ကို မြို့ပြစီမံကိန်း ရေးဆွဲသူများနှင့် ဗိသုကာပညာရှင်များကလည်း အုတ်အော်သောင်းတင်းကန့်ကွက်ကြသည်။

အဆိုပါ ကေဘယ်လ်ကားသည် မီတာ ၁ç၄၀ဝ ပြေးဆွဲမည်ဖြစ်ကာ ဂျေရုဆလင် အနောက်ဘက်ရှိ နာမည်ကျော်ကြားသော အစားအစာနှင့်ယဉ်ကျေးမှု အချက်အချာနေရာ ဖက်စ်စတေရှင်က စတင်ကာ မြို့တော်ရှိ ရှေးဟောင်းချိုင့်ဝှမ်းများကို ဖြတ်ကျော်ပြီး ကမ္ဘာလှည့်ခရီး သွားစင်တာသို့ ဆက်သွယ်မည်ဖြစ်သည်။

အစ္စရေး ခရီးသွားလာရေးဝန်ကြီးဌာနက ထိုစီမံကိန်းသည် နိုင်ငံရေး အရင်းခံအကြောင်းမရှိကြောင်း ငြင်းဆိုသည်။ ကေဘယ်လ်ကားသည် ကားကျပ်သည့်ပြဿနာအတွက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ဖြေရှင်းချက်တစ်ခုဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများ စံချိန်တင် လာရောက်လည်ပတ်သည့်အချိန်တွင် သုံးရန်အခွင့်အလမ်းများကို ပြောသည်။ မြို့တော်ဟောင်းသည် အစ္စရေးနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ ဦးစားပေးလာရောက်ရာ နေရာဖြစ်သည်။

ပို့ဆောင်ရေးစီမံကိန်များကို နိုင်ငံတော်၏ အရေးကြီးကိစ္စအဖြစ် လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနေသော အစ္စရေးရှိ နိုင်ငံတော်အခြေခံအဆောက် အအုံကော်မတီက ကေဘယ်လ်ကားစီမံကိန်းကို သဘောတူခွင်ပြုခဲ့သည်။ တည်ဆောက်ခွင့် ပါမစ်ကို အများပြည်သူသုံးသပ်ချိန်ကာလ ရက် ၆၀ အပြီးတွင် ထုတ်ပေးမည်ဖြစ်ကာ ထိုအဆင့် သည် နည်းလမ်းတကျဖြစ်မည်ဟုတည်ဆောက်သူများက ယူဆထားသည်။