ဟိုချိမင်းနှင့်လောင်အန်းပြည်နယ်ရှိ ဗီယက်နမ်ဖောက်သည်များနှင့်တွေ့ဆုံပြီး ကုန်သွာယ်မှုအခွင့်အ လမ်းများတိုးချဲ့ရှာဖွေရန် အလို့ငှာ တရုတ်ဆန်တင်သွင်းသူများ ဗီယက်နမ်သို့ လာရောက်လေ့လာ ကြကြောင်း ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ကုန်သွင်းကုန်ဌာနကပြောသည်။
ဂွမ်ဒေါင်းမှ ဆန်တင်သွင်း သူများအပါ့အဝင် တရုတ်ကုမ္ပဏိ ၂၂ခုမှကိုယ်စားလှယ်များလာရောက်ကြကြောင်း နှစ်နိုင်ငံပူးပေါ့င်း ဆောင်ရွက်မှုတိုးမြှင့်ရန်ဖြစ်ကြောင်း ဆိုသည်။
တရုတ်သည်ဗီယက်နမ် ၏ အဓိကဝယ်လက်ဖြစ်ပြီး ဆန်တင်ပို့မှု ၏ ၂၅ ရာခိုင်နှုန်း အား ဝယ်ယူနေသည်။
ယခုနှစ်ပထမ၁၀လအတွင်း ဗီယက်နမ်မှတရုတ်သို့ ဆန်တန် ၁ဒသမ၂၄သန်း ပို့ခဲ့ကြောင်း၊ ဒေါ်လာ သန်း ၆၄၀ ရရှိကြောင်း သိရသည်။
ကုန်သွာယ်မှုအခွင့်အ လမ်းများတိုးချဲ့ရှာဖွေရန် အလို့ငှာ ဗီယက်နမ်သို့ လာရောက်လေ့လာသူ တရုတ်ဆန်တင်သွင်းသူများက အဆိုပါခရီးစဉ်အတွင်းတွင် ဟို ချိမင်းနှင့်လောင်အန်းပြည်နယ်ရှိ ဗီယက်နမ်ဖောက်သည်များနှင့်တွေ့ဆုံ ဆွေးနွေး ပြီး ဆန်ကြိတ်ခွဲ သိုလှောင်မှုများ အား လေ့လာကြကြောင်းသိရသည်။

















