သထုံတွင် ပအိုဝ်းရိုးရာ ဘုရားတက် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ

သထုံတွင် ပအိုဝ်းရိုးရာ ဘုရားတက် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ

မွန်ပြည်နယ် သထုံမြို့တွင် နိုဝင်ဘာ ၂၂ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ပအိုဝ်း ရိုးရာ ဘုရားတက် ကြာသင်္ကန်းကပ်လှူပူဇော် ပွဲအား လူဦးရေ ၁၀ဝ၀ ခန့်ဖြင့် စည်ကားစွာ ကျင်းပခဲ့သည်။

"ဒါက ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ဓလေ့ တစ်ခုအရ နှစ်ပေါင်းများစွာ မလုပ်လာဖြစ်တဲ့ အစဉ်အလာကောင်းတစ်ခုကို ပြန်လည်ဖော် ထုတ်လုပ်ဆောင်တာပါ။ ဒီနေရာမှာ အရင်နှစ် တွေကဆိုရင် ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင် တဲ့မြို့ရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ် ကြတာ။ ဒီနှစ်က သထုံခရိုင်မှာရှိတဲ့ မြို့နယ် သုံးမြို့နယ်မှ ပအိုဝ်းရွာတွေကနေ စုပေါင်းလုပ် တာပါ"ဟု ဦးခွန်သိန်းရွှေက ပြောဆိုသည်။

နောင်လာနောက်သား ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ရိုးရာအစဉ်အလာ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ပအိုဝ်းတိုင်း ရင်းသားများ တည်ရှိနေသရွေ့ လက်ဆင့်ကမ်း သယ်ဆောင်သွားရန်နှင့် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ပအိုဝ်းတိုင်းရင်းသားများတွင် တန်ဆောင် တိုင်ဘုရားတက် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ များနည်းတူ ပအိုဝ်းရိုးရာနှစ်သစ်ကူးပွဲတော်၊ ပအိုဝ်းအမျိုးသားနေ့အခမ်းအနား၊ ဝါဆို၊ သီတင်းကျွတ်လပြည့်နေ့ နံနက်များတွင် ဆွမ်း ဦးကပ်လှူပူဇော်ပွဲများရှိကြောင်း မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရ သည်။

ဆီမီးထွန်းပူဇော်

တန်ဆောင်တိုင်လပြည့်နေ့တွင် ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များရှိ ကျေးရွာ ၄၀ ခန့်မှ ပအိုဝ်းတိုင်းရင်းသားတိုင်းရင်းသူ ၁၀ဝ၀ ခန့် သည် သထုံမြို့နယ် ပေါ်တော်မူကျေးရွာတွင် စုရပ်ပြုလုပ်ကာ ကြာသင်္ကန်းများအား သယ် ဆောင်ပြီး (ဝဲပုံ) ရွှေစာရံစေတီတော်မြတ်ကြီးတွင် ကြာသင်္ကန်းများကပ်လှူခဲ့ပြီး ဆီမီးထွန်းပူဇော် ခဲ့ကြသည်။

စုပေါင်းကပ်လှူပူဇော်

တန်ဆောင်မုန်းလပြည့်နေ့တွင် ပအိုဝ်း တိုင်းရင်းသားများ၏ ကြာသင်္ကန်းကပ်လှူ ပူဇော်ပွဲပြုလုပ်ကြသည့်နည်းတူ သထုံမြို့နယ် အတွင်းရှိ အခြားတိုင်းရင်းသားများနှင့်အဖွဲ့အစည်းများမှ ရွှေစာရံစေတီတော်မြတ်ကြီး တွင် ကြာသင်္ကန်း စုပေါင်းကပ်လှူပူဇော်ခဲ့ကြ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး