ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဒီဇင်ဘာလတွင် လာအိုသို့ အလုပ်သဘောသွားရောက်မည်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဒီဇင်ဘာလတွင် လာအိုသို့ အလုပ်သဘောသွားရောက်မည်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် စီးပွားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်အတွက် လာမည့်ဒီဇင်ဘာ လတွင် လာအိုသို့ အလုပ်သဘောခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်တွင်စတင်မည့် ထိုခရီးစဉ်အတွင်း စီးပွားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်အတွက် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးသွား မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် အသစ်ခန့်အပ်သည့် လာအိုသံအမတ်ကြီးအားလက်ခံတွေ့ဆုံခဲ့သည်။

ထိုခရီးစဉ်နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံး ဝန်ကြီး ကောင်ကင်ဟွန်းက ဝန်ကြီးချုပ်အနေဖြင့် လာအိုသို့ အလုပ်သဘောခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း စီးပွားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်အတွက် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးသွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါသဘောတူစာချုပ်များအတွက်  ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။