ခင်ဦးမြို့၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမည်

ခင်ဦးမြို့၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမည်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့တွင် ဗိုလ်ချုပ်အောင် ဆန်းပုံစံတူကြေးရုပ်တု စိုက်ထူထားရှိသွားမည်ဖြစ်သည်။

လုပ်ငန်းကော်မတီဖွဲ့

ယင်းသို့စိုက်ထူထားရှိသွားနိုင်ရေးအတွက် ခင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာရုံး အစည်းအဝးခန်းမ၌ နိုဝင်ဘာ ၁၅ရက်ညနေ ၃ နာရီက ညှိနှိုင်းအစည်းအဝေးတစ်ရပ်ခေါ်ယူ၍ လုပ်ငန်းကော်မတီကို ဖွဲ့စည်း ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ခင်ဦးမြို့ အောင် ချမ်းသာရပ်ကွက် လမ်းသုံးခွ၌တည်ဆောက်ထားရှိနိုင်ရန်ငွေကျပ် သိန်း ၁၃၀ မတည်ထားရှိပြီး စုစုပေါင်း ကုန်ကျ စရိတ်ငွေကျပ်သိန်း ၅၀ဝ ခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး