ထိုင်းနိုင်ငံတွင် ယခုနှစ်နှင့်နောက်နှစ်အတွက် ပြည်ပပို့ကုန် ၈ ရာခိုင်နှုန်းတိုးတက် မည်ဟုမျှော်လင့်ကြောင်း စီးပွားကူးသန်းဆို

ထိုင်းနိုင်ငံတွင် ယခုနှစ်နှင့်နောက်နှစ်အတွက် ပြည်ပပို့ကုန် ၈ ရာခိုင်နှုန်းတိုးတက် မည်ဟုမျှော်လင့်ကြောင်း စီးပွားကူးသန်းဆို

ထိုင်းနိုင်ငံတွင် စီမံကိန်းအေဂျင်စီက မည်သို့ပင်ဆိုစေကာမူ ယခုနှစ်နှင့်နောက်နှစ်အတွက် ပြည်ပပို့ကုန် ၈ ရာခိုင်နှုန်း တိုးတက် မည်ဟုမျှော်လင့်ကြောင်း ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနကဆိုသည်။

နိုင်ငံတကာကုန်သွယ်ရေးမှုတိုးတက်ရေးဦးစီး ဌာန ညွှန်ချု့ပ် ဘန်ဂျွန်ဂျစ် အန်ဆူဆင်းကပြောရာတွင် စက်တင်ဘာလ၌ ယမန်နှစ်ကာလတူထက် ၅ဒသမ၂ ရာခိုင်နှုန်း ကျသည့်တိုင်အောင် ပြည်ပပို့ကုန်မှာ အလားအလာကောင်းဆဲရှိကြောင်း ဆိုသည်။

၂၀၁၈၏ကျန် သုံးလတွင် ပြည်ပပို့ကုန်တစ်လပျမ်းမျ ဒေါ်လာ ၂၁ဘီလီယံ ( ဘတ် ၆၉၂ဒသမ၃၇ဘီလီယံ) ရှိမည်ဟုခန့်မှန်းကြောင်း ဆိုသည်။

ယခုနှစ်ပထမ ကိုးလတွင် ပို့ကုန် ၈ဒသမ၁ ရာခိုင်နှုန်းတိုးကာ ဒေါ်လာ ၁၈၉ဒသမ၇၂ ဘီလီယံရှိကြောင်း၊ သွင်းကုန်မှာ ၁၅ဒသမ၂ ရာခိုင်နှုန်းတိုးကာ ဒေါ်လာ ၁၈၆ဒသမ၈၉ဘီလီယံရှိကြောင်း၊ကုန်သွယ်ရေးပိုငွေပြမှု ဒေါ်လာ ၂ဒသမ၈၃ဘီလီယံဖြစ်လာကြောင်း သိရသည်။

အခြားသတင်းတစ်ရပ်အရ ယခုနှစ်တတိယ၃လပတ် တွင် အရှေ့တောင်အာရှဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ထိုင်း၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃ဒသမ၃ ရာခိုင်နှုန်းသာရှိခဲ့ရာ လွ န်ခဲ့သည့်နှစ်ကာလတူ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ  ၄ဒသမ၆% နှင့်နှိုင်းယှဉ် ကြည့်နိုင် သည်။

ယခင်ဒုတိယသုံးလပတ်နှင့် ယှဉ်လျှင် တိုးတက်မှု လုံးဝမရှိဘဲ ရပ်ဆိုင်းသွားခဲ့ကြောင်း ထိုင်းအစိုးရ ၏ အမျိုးသားစီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ NESDB အတွင်းရေးမှူးချုပ် သိုဆာပွန် ဆီရိဆွန်ဖန်ကသေတင်စာရှင်းလင်းပွဲတွင် ပြောသည်။