မော်လမြိုင်ကျွန်းတွင် ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးမှုအောင်မြင် မရဲ့အုန်းပင်စုရွာတွင် ဆည်ရေဖြင့် နွေစပါးဧက ၄၀ဝ စတင်စိုက်ပျိုး

မော်လမြိုင်ကျွန်းတွင် ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးမှုအောင်မြင် မရဲ့အုန်းပင်စုရွာတွင် ဆည်ရေဖြင့် နွေစပါးဧက ၄၀ဝ စတင်စိုက်ပျိုး

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနက နွေစပါးစိုက်ပျိုးထုတ်လုပ်သော ကျေးရွာများတွင် နွေစပါးရေသွင်းစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးစိန်လင်းနှင့် တာဝန်ရှိ သူများက လိုအပ်သော ဆည်မြောင်းရေသွင်း မြောင်းများကို တာဝန်ယူတည်ဆောက်ပေးလျက် ရှိရာ နွေစပါးစိုက်ပျိုးမှု အောင်မြင်လျက်ရှိသည်။

ယင်းဆည်ရေသွင်းမြောင်းတည်ဆောက် ခြင်းကို မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စု စံပြကျေးရွာတွင် တည်ဆောက်အကောင် အထည်ဖော်ပေးနိုင်ခဲ့သဖြင့် နိုဝင်ဘာ ၂၂ရက်က ဆည်ရေဖြင့် နွေစပါးစိုက်ကွင်းများဆီသို့ ရေပေးသွင်းလျက်ရှိရာ မရဲ့အုန်းပင်စုတွင် ယခုနှစ် နွေစပါးရာသီ၌ ဆည်ရေဖြင့် သီးထပ် ရင်ဧက ၂၀ဝ၊ ရက် ၉၀ စပါးဧက ၁၅၀ နှင့် ရွှေလာ ၈ အထွက်တိုးစပါး ဧက ၅၀ စုစုပေါင်း နွေစပါး ဧက ၄၀ဝ စိုက်ပျိုးထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မရဲ့အုန်းပင်စုကျေးရွာက နွေစပါးအောင်မြေပါ။ ယခုနှစ်နွေစပါးရာသီမှာ ဆည်ရေဖြင့် ရွှေလာ ၈ စပါးကို ဧက ၅၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ရွှေလာ ၈ က တောင်သူအကျိုးပြု အထွက်ကောင်းစပါးမျိုး မို့ တောင်သူတွေ ဝင်ငွေကောင်း၊ တွက်ခြေကိုက် မှာ ကျိန်းသေပါပဲ။ ကျွန်တော်လည်း အခုနှစ် စိုက်မယ့် ရွှေလာ ၈ စပါးအထွက်နှုန်းကိုကြည့် ပြီး လာမယ့်နှစ် နွေစပါးရာသီမှာ ဧကတိုးစိုက်ဖို့ အစီအစဉ်ရှိပါတယ်"ဟု မရဲ့အုန်းပင်စုကျေးရွာမှ တောင်သူ ဦးတင်အောင်သန်း က ပြောဆိုသည်။

ယခုနှစ် မော်လမြိုင်ကျွန်းတစ်မြို့နယ်လုံး တွင် တောင်သူများက နွေစပါး ၁၃၀ဝ၁၁ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ရာ မိုးစပါး ရိတ်သိမ်းပြီးနေရာများတွင် နွေစပါးများကို စတင်စိုက်ပျိုးနေပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး