မလေးရှားပရိသတ်များ၏  ဖိအားကိုစိုးရွံ့နေမည်မဟုတ်ကြောင်း အန်တွမ်နီဟေးဆို

မလေးရှားပရိသတ်များ၏  ဖိအားကိုစိုးရွံ့နေမည်မဟုတ်ကြောင်း အန်တွမ်နီဟေးဆို

ကွင်းလုံးပြည့်လာရောက်အားပေးကြမည့် မလေးရှားပရိသတ် များ၏ဖိအားကို စိုးရွံ့နေမည်မဟုတ်ကြောင်း မြန်မာ့လက်ရွေး စင်အသင်းနည်းပြ အန်တွမ်နီဟေးက နိုဝင်ဘာ ၂၃ရက်က ပြုလုပ်ခဲ့သည့်ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က)နောက်ဆုံး ပွဲစဉ်တစ်ပွဲအဖြစ် မလေးရှားနှင့်မြန်မာအသင်းတို့မှာ နိုဝင်ဘာ ၂၄ ရက်(ယနေ့) တွင် ဘူကစ်ဂျာလီကွင်း၌ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းမှာ ရဂိုးအသာဖြင့် အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေပြီး မလေးရှားကို သရေကစားရုံဖြင့် ဆီမီးဖိုင်နယ်တက်မည်ဖြစ်သည်။ သို့သော် မလေးရှားအသင်းမှာ အနိုင်ရမှသာ ဆီမီးတက်မည်ဖြစ်သည်။

"မလေးရှားအသင်းက နားရက်ပိုရတယ်ဆိုပေမယ့် ကျွန် တော်တို့အသင်းက ပြီးခဲ့တဲ့ ပွဲစဉ်သုံးပွဲမှာ ကစားသမားတွေ အပြောင်းအလဲလုပ်ပြီး အနားရအောင်စီစဉ်ထားပြီးသားပါ။ ဒါကြောင့် ပွဲပန်းမှုဒဏ်မရှိသလို ပွဲပယ်၊ ဒဏ်ရာရကစားသမား လည်းမရှိပါဘူး။ မလေးရှားပရိသတ်တွေ ကွင်းအပြည့် အားပေး ကြမှာဖြစ်ပေမယ့် ကျွန်တော်တို့ ဖိအားရှိမနေပါဘူး"ဟု အန်တွမ် နီဟေးက ပြောဆိုခဲ့သည်။

အဆိုပါပြိုင်ပွဲကို အားပေးရန် မလေးရှားပရိသတ် ၄၀ဝ၀ဝ ကျော် လက်မှတ်ဝယ်ယူထားပြီဖြစ်ကာ ပြိုင်ပွဲနေ့တွင် ပရိသတ် ဦးရေ ၇၀ဝ၀ဝ ကျော်အထိဖြစ်ရန် မလေးရှားဘောလုံးအဖွဲ့ ချုပ်က မျှော်လင့်ထားသည်။ မြန်မာပရိသတ်များအတွက်လက်မှတ် ၅၀ဝ၀ ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ လက်မှတ် ၃၀ဝ၀ ဝန်းကျင်ရောင်းချထားပြီးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး