သူပုန်များ ဓာတုလက်နက်နှင့် တိုက်ခိုက်မှု လူငါးဆယ်ဒဏ်ရာရဟု ဆီးရီးယား အစိုးရစွပ်စွဲ

သူပုန်များ ဓာတုလက်နက်နှင့် တိုက်ခိုက်မှု လူငါးဆယ်ဒဏ်ရာရဟု ဆီးရီးယား အစိုးရစွပ်စွဲ

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အစိုးရ ထိန်းချုပ်ထားသော အလက်ပိုမြို့တွင် နိုဝင်ဘာ ၂၄ ၌ သူပုန်များက ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ငါးဆယ်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက စွပ်စွဲထုတ်ပြန်လိုက်သည်။ 

ဓာတုအဆိပ်ငွေ့ကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်၊ အမြင်အာရုံဝေဝါး ဝေဒနာသည်များကို ဆေးရုံတွင် ကုသပေးနေရသည်များကို နိုင်ငံပိုင် စတိတ် တီဗီ သတင်းဌာနက ထုတ်ပြန်ပြသခဲ့သည်။ 
    အလက်ပိုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခံရပြီးနောက် ဓာတ်ငွေ့နံ့များ လှိုင်နေခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာမီ အဗ္ဗဒူရာမန်ကလည်း ပြောသည်။ 
ဆီးရီးယား သူပုန်များကမူ ဓာတုလက်နက်ဖြင့် မတိုက်ခိုက်ဟု တုံ့ပြန်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားအောင် အစိုးရဘက်က အကွက်ချဖန်တီးနေခြင်းသာဖြစ်သည်ဟု တန်ပြန်စွပ်စွဲထားသည်။