နိုင်ဂျာ အမျိုးသမီးငယ် ၁၈ ဦးကို ဘိုကိုဟာရမ် ပြန်ပေးဆွဲ

နိုင်ဂျာ အမျိုးသမီးငယ် ၁၈ ဦးကို ဘိုကိုဟာရမ် ပြန်ပေးဆွဲ

နိုင်ဂျာနိုင်ငံ ဂါလာဝါဒေသ ရွာနှစ်ရွာတွင် အမျိုးသမီးငယ် ၁၈ ဦးထိကို ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားသည်။

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဝင် ၂၄ ဦးက ဘလာဟာဒီရွာမှ အမျိုးသမီးငယ် ၁၅ ဦး၊ ဘာဂူးရွာမှ သုံးဦးကို ပြန်ပေးဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ 

နိုင်ဂျီးရီးယားနှင့် နယ်စပ်ရှိ ပြင်သစ် ရေနံတူးကုမ္ပဏီဝန်ထမ်း ခုနစ်ဦးကိုလည်း အကြမ်းဖက်သမားများက ပြီးခဲ့သည့် သီတင်းပတ်က သတ်ဖြတ်ခဲ့သည်။ 
    ပြီးခဲ့သော နှစ်နှစ်ကလည်း ဂါလာဝါ ဒေသတွင် အမျိုးသမီး ၃၉ ဦးထိ ပြန်ပေးဆွဲခံခဲ့ရဖူးသည်။

နိုင်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့သည် ကိုးနှစ်တာ အကြမ်းဖက်မှုကာလအတွင်း လူထောင်ဂဏန်းကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သလို၊ အိမ်နီးချင်း နိုင်ဂျာ၊ ချက်ဒ်၊ ကင်မရွန်း နိုင်ငံများသို့လည်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။