ယူဂန်ဒါတွင် ဗစ်တိုးရီးယား ရေကန်အတွင်း စက်လှေနစ်မြုပ်၊ ၁၀ ဦးထက်မနည်း သေဆုံး
ဗစ်တိုးရီးယား ရေကန်အတွင်း စက်လှေနစ်မြုပ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ယူဂန်ဒါ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ တွင် ထုတ်ပြန်သည်။
ရေကြောင်းရဲတပ်ဖွဲ့က လူ ၄၀ ခန့်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။
ရေအောက်နစ်မြုပ်သွားသော စက်လှေထဲတွင် ပိတ်မိနေသူများ ရှိမရှိကို ရေကြောင်းရဲတပ်ဖွဲ့ ရေငုပ်သမားများက နိုဝင်ဘာ ၂၄ ရက်က ညလုံးပေါက် ရှာဖွေခဲ့သည်။
စက်လှေနစ်မြုပ်ရခြင်း အကြောင်းရင်း မသိရသေးသလို စက်လှေပေါ်တွင် လူမည်မျှ ပါဝင်ကြောင်းလည်း မသိရသေး။
ဗစ်တိုးရီးယား ရေကန်ကြီးသည် ယူဂန်ဒါ၊ တန်ဇေးနီးယား၊ ကင်ညာ နိုင်ငံများ ဝန်းရံတည်ရှိပြီး စက်တင်ဘာကလည်း တန်ဇေးနီးယား ကူးတို့စက်လှေနစ်မြုပ်မှုကြောင့် လူ ၂၀ဝ ကျော် သေဆုံးခဲ့ရသည်။
















