ပုသိမ် - မုံရွာလမ်းပေါ်တွင် အထောက်အထားမဲ့ဝင်ရောက်လာသူများနှင့် သယ်ယူပို့ဆောင်ခဲ့သူ လေးဦးကိုဖမ်းမိ

ပုသိမ် - မုံရွာလမ်းပေါ်တွင် အထောက်အထားမဲ့ဝင်ရောက်လာသူများနှင့် သယ်ယူပို့ဆောင်ခဲ့သူ လေးဦးကိုဖမ်းမိ

မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၁ အနီး လျှိုတစ်ခုအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူ ခြောက်ဦးကို နိုဝင်ဘာ ၂၅ရက်တွင် နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါနေ့ နံနက် ၃ နာရီခန့်တွင် မင်းလှမြို့နယ် ရေနံမနယ်မြေ ရဲတပ်ဖွဲ့နှင့် မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုသိမ် - မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၃ အနီး မသင်္ကာဖွယ်ယာဉ်တစ်စီးပေါ်သို့လူများ တင်ဆောင်နေသည်ကိုတွေ့ရ၍ ရပ်တန့်စစ်ဆေးရန် တားမြစ်ခဲ့သည်။

ထိုသို့တားမြစ်စဉ်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်တိုင် ၂၂၇/၁ အနီးလှည်း လမ်း ဘေးတောစပ်လျိုအတွင်းမှ အထောက်အထားမဲ့ဝင်ရောက်လာသူများကို ကားပေါ်တင်ပေးခဲ့သူ နှစ်ဦးကို ဖမ်းဆီး ရမိခဲ့သည်။ 
ထွက်ပြေးသွားသောကားကို လိုက်လံဖမ်းဆီးခဲ့ရာ နံနက် ၆နာရီအချိန်တွင်ကားနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကိုဖမ်းဆီးရမိခဲ့ပြီး နံနက် ၇နာရီ၌ ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့်မင်းပြားမြို့နယ် ကျေးရွာများမှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ကျားလေးဦး ၊မနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့သည်။

ထိုသို့အထောက်အထားမဲ့ဝင်ရောက်လာသူ ခြောက်ဦး၊ လမ်းပြပို့ဆောင်သူ ချင်းအမျိုးသား နှစ်ဦးနှင့် ယာဉ်ဖြင့် ပို့ဆောင်သူနှစ်ဦးတို့ကို သရက်ခရိုင်ရဲတပ်ဖွဲ့ ဒုရဲအုပ်သိန်းမင်းက တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားထားသည်။