အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ မလေးရှားနိုင်ငံမှ အားကစားသမား ၃၈၂ဦး ယှဉ်ပြိုင်ရန် အတည်ပြု

အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ မလေးရှားနိုင်ငံမှ အားကစားသမား ၃၈၂ဦး ယှဉ်ပြိုင်ရန် အတည်ပြု

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ မလေးရှားနိုင်ငံမှ အုပ်ချုပ်သူ၊နည်းပြများနှင့် ကစားသမား ၃၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ပေးမည်

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၇မျိုးထည့်သွင်းကျင်းပမည်ဖြစ်ပြီး မလေးရှားတက္ကသိုလ်လက်ရွေးစင်အသင်းမှာ အားကစားနည်း ၁၆ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မလေးရှားတက္ကသိုလ်လက်ရွေးစင်အသင်းကို Malaysia Pahang University ၏ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်သည့် ပါမောက္ခ Datuk Dr.Yuserrie Zianuddin ဦးဆောင်လာမည်ဖြစ်ပြီး ဆုတံဆိပ်မျှော်မှန်း ထားသည့် အားကစားနည်းများကို ဒီဇင်ဘာ ၄ရက်တွင် သတင်းထုတ်ပြန်ပေးမည်ဟု သိရသည်။

ပစ်မှတ်ထား

“ ဒီနှစ် အားကစားအဖွဲ့ကို ဦးဆောင်မယ့်သူက Malaysia Pahang University ရဲ့လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ပါမောက္ခ Datuk Dr.Yuserrie Zianuddin ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကျွန်တော်တို့ ပစ်မှတ်ထားပြီး မျှော်မှန်းထားတဲ့ ဆုတံဆိပ်တွေကိုတာ့ ဒီဇင်ဘာ ၄ ရက်မှာ ကျင်းပမယ့် Jalur Gemilang ရဲ့ဖွင့်ပွဲအခမ်းအနားမှာ ထုတ်ပြန်ကြေငြာပေးသွားမှာပါ" ဟု မလေးရှားတက္ကသိုလ်လက်ရွေးစင်အသင်း၏ အထွေထွေအတွင်းရေးဌာနမှုအဖြစ် အတာဝန်ယူထားသည့် ဟာမန်ဟူစိန်က က ပြောဆိုခဲ့သည်။

ရပ်တည်နိုင်

မလေးရှားတက္ကသိုလ်လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၃ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး စတင်စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်သည်။ မလေးရှားအသင်းသည် ၂၀၁၆ခုနှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၂၉ ခုနဲ့ ကြေးတံဆိပ် ၃၄ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

နေပြည်တော်၌ ဒီဇင်ဘာ ၈ ရက်မှ ၁၉ရက်အထိကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံက လှေလှော်၊ မြှားပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ Petanque နှင့် ဘောလုံးအားကစားနည်းများ၌ ရွှေတံဆိပ်ရရန် မျှော်မှန်းထားသည်။
 



ဖတ်ရှုမှုအများဆုံး