မိုးနဲတွင် လူနေအိမ်ဝင်းများရှိ စေတီပုထိုးဘုရားများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေ

မိုးနဲတွင် လူနေအိမ်ဝင်းများရှိ စေတီပုထိုးဘုရားများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့တွင် လူနေအိမ်များအတွင်းရှိ စေတီ၊ ပုထိုး၊ ဘုရားများအား ထိန်းသိမ်းစောင့်ရှောက် ရန်နှင့် မသမာမှုများ မဖြစ်ပွားစေရေးအတွက် ခြံရှင်များအား ခံဝန်ကတိများရယူကာ သဘာဝ အရ ပျက်စီးလျှင်လည်း အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန် မိုးနဲမြို့နယ် သံဃနာယကအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့က နိုဝင်ဘာ ၁၂ ရက်၌ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့များထံ အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

အကူအညီတောင်းခံ

"ထိန်းသိမ်းမှရတော့မယ်။ စော်ဘွားခေတ် အဆက်ဆက်ကတည်းက မိုးနဲမှာ သာသနာ့ အဆောက်အအုံတွေပေါများသလို လူနေအိမ် ခြေတွေနဲ့လည်း ကင်းဝေးခဲ့ပါတယ်။ နောက် တော့ ဖြတ်လေးဖြတ်ခေတ်နောက်ပိုင်း ရွာတွေက ရောက်လာသူတွေကို နေရာချထားပေးခဲ့ရာ ပုံစံ (၁၀၅) တွေ ဘာတွေပေါ်လာတယ်။ အခု ခြံဝင်းပိုင်ရှင်တွေမှာ ဘာသာခြားတွေပါလာတော့ သူတို့ကနားမလည်ဘူး။ ဖြိုဖျက်မှုတွေ ဖြစ်လာမှ အရေးယူတာထက် သာသနာ့အဆောက်အအုံ တွေ သီးခြားရှိဖို့ သက်ဆိုင်ရာကို အကူအညီ တောင်းခံရတာပါ" ဟု မိုးနဲမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တမာဃိန္ဒက မိန့်ကြားခဲ့ သည်။

နိုဝင်ဘာ ၉ ရက်တွင် မိုးနဲမြို့ အိမ်ဝင်းတစ်ခု အတွင်းရှိ စေတီတစ်ဆူအား ခြံရှင်ကဖြိုဖျက် သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဓမ္မ စက်၊ အာဏာစက်များဖြင့် သာသနိကအဆောက် အအုံများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အကြောင်းကြားစာ ပေးပို့ရခြင်းဖြစ်ကြောင်း၊ မောင်ခိုင်မောင်နိုင်ဘုရားဝန်းကျင်ရှိ ရေထွက် များနှင့်လူနေအိမ်ခြေ၊ စိုက်ပျိုးမြေများ နီးကပ်စွာ တည်ရှိနေမှုနှင့် ပတ်သက်၍လည်း ဇာတိမြေ အုပ်ချုပ်သူ စော်ဘွားများက သာသနိက အဆောက်အအုံများအနီးတွင် ဥယျာဉ်များသတ်မှတ်ပေးခဲ့ခြင်းဖြင့် စောင့်ရှောက်နိုင်ခဲ့ ကြောင်း၊ ယခုတွင်မူ ဇာတိမဟုတ်သည့်အုပ်ချုပ် ရေးအာဏာပိုင်များကြောင့် ရေတိုသာကြည့်၍ ယခုကိစ္စများ ဖြစ်ပွားပေါ်ပေါက်ရခြင်းဖြစ် ကြောင်း ဆရာတော်က ရှင်းလင်းမိန့်ကြား သည်။

ညှိနှိုင်းဆောင်ရွက်

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးနဲမြို့နယ် သာသနာရေးဦးစီးဌာနမှူး ဦးပြည့်ဖြိုးကျော်က "ဌာနကတော့ သာသနာကိုအထောက်အပံ့ပြု ဖို့ လုပ်ဆောင်ပါတယ်။ လွဲနေရင်လည်း တည့် မတ်စေဖို့ ဆောင်ရွက်ပါတယ်။ ဆိုင်ရာဂေါပက တွေနဲ့ စုစည်းထားတဲ့ မြို့နယ်အဆင့် ဂေါပက အဖွဲ့ကိုလည်း အုပ်ချုပ်ရေးက အတည်ပြုထား ပြီးဖြစ်လို့ သာသနာနဲ့ မသင့်မလျော် ဖြစ်ပေါ် ရတဲ့အကြောင်းတွေကို ညှိနှိုင်းဆောင်ရွက် နေပါတယ်"ဟု ပြောဆိုသည်။

မိုးနဲမြို့ကို ဘီစီ ၅၀ဝ ခန့်က စတင်တည် ထောင်ခဲ့ပြီး ပြည်မရှိ ပုဂံနှင့်ခေတ်ပြိုင်ဖြစ်သည်။ ရှမ်းပုဂံအဖြစ် တင်စားခေါ်ဝေါ်နေကြကာ ပြည်တွင်းပြည်ပမှလေ့လာလိုသူများ လာရောက် လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြထားပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကလည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိသည့်မြို့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး