ထိုင်ဝမ်(တရုတ်တိုင်ပေ) ဒေသဆိုင်ရာရွေးကောက်ပွဲ အတိုက်အခံ အမျိုးသားရေးဝါဒီအများစု အနိုင်ရ

ထိုင်ဝမ်(တရုတ်တိုင်ပေ) ဒေသဆိုင်ရာရွေးကောက်ပွဲ အတိုက်အခံ အမျိုးသားရေးဝါဒီအများစု အနိုင်ရ

ထိုင်ဝမ်( တရုတ်တိုင်ပေ) ၌ နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် ကူမင်တိုင်သို့မဟုတ် အတိုက်အခံအမျိုးသားရေးဝါဒီပါတီမှ အမတ်အများစု အနိုင်ရရှိခဲ့သည်။

ထိုင်ဝမ်( တရုတ်တိုင်ပေ) သမ္မတဆိုင်အင်ဝမ်၏ ဒိီမိုကရက်တစ်တိုးတက်ရေးပါတီ( ဒီပီပီ) သည် ဆယ်စုနှစ်များစွာ ချုပ်ကိုင်ထားခဲ့သည့် တောင်ပိုင်းရှိ ကောက်ရှူမဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့သည်။ မဲဆန္ဒနယ် ၂၂ ခုအနက် ၁၅ ခုတွင် အမျိုးသားရေးဝါဒီများ အနိုင်ရရှိခဲ့သည်။

တိုင်ပေ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကို ဝမ်-ချိသည် အနိုင်ရရှိခဲ့သော်လည်း ပြိုင်ဘက် အမျိုးသားရေးဝါဒီ တင်ရှိုချွန်းက မဲများကိုပြန်လည်ရေတွက်ပေးရန် တောင်းဆိုထားသည်။ 
ဒီပီပီသည် အဓိကမဲဆန္ဒနယ် ခြောက်ခုတွင်သာ အနိုင်ရရှိခဲ့သည်။
    အမျိုးသားရေးဝါဒီများကို နှစ်သက်ခြင်းထက် ဆိုင်နှင့် ဒီပီပီတို့၏လုပ်ရပ်များကို စိတ်ပျက်သောကြောင့် ယခုကဲ့သို့ မဲရလဒ်များထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ 
ကောက်ရှူကို ဒီပီပီက နှစ်ပေါင်း ၂၀ ခန့် ထိန်းချုပ်ထားမှုကို အဆုံးသတ်စေခဲ့သည့် အမျိုးသားရေးဝါဒီ ဟန်ကျိုယုသည် အောက်ခြေလူတန်းစားများကို သိမ်းသွင်းနိုင်ခဲ့သောကြောင့် အနိ်ုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ထိုင်ဝမ်( တရုတ်တိုင်ပေ) သားများသည် ဆိုင်၏မူဝါဒများကို စိတ်ပျက်နေခြင်းကြောင့် အမျိုးသားရေးဝါဒီများ အမတ်နေရာအများစုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးအဖွဲ့လက်အောက်ရှိ ထိုင်ဝမ်( တရုတ်တိုင်ပေ) ရေးရာရုံး၏ပြောခွင့်ရှိသူ မာ ရှောက်ကွန်ကပြောဆိုခဲ့သည်။

ထိုင်ဝမ်( တရုတ်တိုင်ပေ) ပြည်သူများသည် ထိုင်ဝမ်( တရုတ်တိုင်ပေ) ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးရလဒ်များကို ပြင်းပြင်းပြပြလိုလားနေပြီး ကျွန်း၏စီးပွားရေးတိုးတက်လာခြင်းကိုလည်း မျှော်လင့်နေကြောင်း ရှောက်ကွန်ကပြောဆိုခဲ့သည်။
    နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာရွေးကောက်ပွဲ၊ လိင်တူလက်ထပ်မှုဆိုင်ရာနှင့် အိုလံပစ်တွင် ထိုင်ဝမ်( တရုတ်တိုင်ပေ) ၏မည်သည့်အမည်ဖြင့် ဖော်ပြသင့်မသင့်တို့နှင့်ပတ်သက်သည့် ပြည်သူ့ဆန္ဒခံယူပွဲတို့သည် ထိုင်ဝမ်( တရုတ်တိုင်ပေ) ၏ဒီမိုကရေစီစနစ်ရင့်ကျက်လာမှု၏သရုပ်သကန်များသာဖြစ်ကြောင်း ထိုင်ဝမ်( တရုတ်တိုင်ပေ) ၏ပြည်မကြီးရေးရာရုံးက ထုတ်ပြန်ခဲ့သည်။
    ထိုင်ဝမ်( တရုတ်တိုင်ပေ) သည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဖြင့် လည်ပတ်နေသော်လည်း တရုတ်ကမူ တစ်ချိန်ချိန်တွင်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းမည့် ဒေသတစ်ခုအဖြစ်သတ်မှတ်ထားပြီး လိုအပ်ပါကလည်း အင်အားသုံးသိမ်းယူမည်ဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။