ဆောက်သမ်းမြန်မာ ကစားသမားကိုးဦး ခေါ်ယူအားဖြည့်

ဆောက်သမ်းမြန်မာ ကစားသမားကိုးဦး ခေါ်ယူအားဖြည့်

၂၀၁၉ ဘောလုံးရာသီအတွက် ပြင်ဆင်နေ သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဆောက် သမ်းမြန်မာအသင်းသည် ပြည်တွင်းကစား သမားကိုးဦးကို ခေါ်ယူအားဖြည့်ခဲ့ကြောင်း သိရသည်။

ဆောက်သမ်းမြန်မာအသင်းသည် ဂျီအက်ဖ် အေအသင်းမှ အောင်မင်းခန့်၊ ရန်နိုင်ထွန်းနှင့် သူရမင်းနိုင်၊ မကွေးအသင်းမှ ချိုထွန်းနှင့် စွမ်းထက်အောင်၊ ရတနာပုံအသင်းမှ ရှိုင်းသူရ၊ စစ်ကိုင်းယူနိုက်တက်မှ နိုင်လင်းထွန်း၊ ရခိုင်ယူ နိုက်တက်မှ စည်သူသန်းစိုးနှင့် ဇွဲကပင်ယူနိုက် တက်မှ ရန်ကျော်ထွေးတို့ကို ခေါ်ယူအားဖြည့် ခဲ့သည်။

ထို့ပြင် စာချုပ်သက်တမ်းပြည့်ခဲ့သော ကစားသမားနှစ်ဦးဖြစ်သည့် ဂိုးသမား စောအယ် ထူး၊ နောက်ခံလူ ငြိမ်းချမ်းအောင်နှင့် ကွင်းလယ် လူ သက်ပိုင်စိုးတို့ကို အသင်းမှ ထွက်ခွာခွင့်ပြု ခဲ့သည်။



ဖတ်ရှုမှုအများဆုံး