၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်မှု အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်

၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်မှု အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ်အားလုံး၌ စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြောဆိုခဲ့သည်။

တာဝန်ပေးခြင်းမပြုရန်

"စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် ဆရာမများ၊ (၅၈) နှစ်အထက် အသက်အရွယ်ကြီးသော ဆရာဆရာများ၊ ကျန်းမာ ရေးမကောင်းသော ဆရာဆရာမများနဲ့ ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်း မပြုရန် လိုအပ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ နိုဝင်ဘာ ၂၅ ရက်ကကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ် ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စာရင်းပေးသွင်းထား

တက္ကသိုလ်ဝင်တန်းဖြေဆိုသူများသည် ၂၀၁၅ ခုနှစ်တွင် ၆၃၂၃၁၄ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၆၇၁၄၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင်၇၆၇၄၂၂ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၈၄၄၃၅၈ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ၈၉၆၀၁၂ ဦး စာရင်း ပေးသွင်းထားကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး