တိုကျို ” ဆေးလိပ်သောက်ရန် ခွင့်ပြုသည့် ခေတ္တနားချိန် များကြောင့် ကုန်ထုတ်စွမ်းအား ကျဆင်းခြင်းကို ဖြေရှင်း ရန်နှင့် ဆေးကုသမှု အကုန်အကျများဖြစ်သော လူမှု ဖူလုံရေး ဝန်ထုပ်ဝန်ပိုးသက်သာရေးအတွက် အလုပ်သမားများ၏ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ အလုပ်ချိန်အတွင်း အလုပ်သမားများ ဆေးလိပ်သောက် ခြင်းကို ကုမ္ပဏီများက တားမြစ်ကြသည်။
ဆေးလိပ်သောက်ခြင်းကို ပြည်သူများ၏ တိုးပွားလာသော ဝေဖန်မှုအရ တာဝန်ချိန်တွင် ဆေးလိပ်သောက်ခြင်းကို ဟန့်တားသည့်ကုမ္ပဏီ အရေအတွက် တိုးလာဖွယ်ရှိသည်။
ယခုနှစ် ဇွန်လ၌Taiyo အသက်အာမခံ ကုမ္ပဏီက ၎င်း၏ရုံးချုပ်တွင်သာမက နိုင်ငံအနှံ့ရှိ ရုံးခွဲနှင့် ရုံးခန်း ၁၅၀ ခန့်ရှိ ဆေးလိပ်သောက်ရန် နေရာများကို ဖျက်သိမ်း ခဲ့သည်။
လူ ၃,ဝ၀ဝ ခန့်၊ သို့မဟုတ် အလုပ်သမားများ အားလုံး၏ ရာခိုင်နှုန်း ၃၀ ခန့်သည် ဆေးလိပ်သောက်သူများဖြစ်သည်။ အာမခံကုမ္ပဏီ၏အဆိုအရ ကုမ္ပဏီ၏ ရုံးခန်းမှန်သမျှရှိ ဝန်ထမ်းများသည် ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ကြသည်ဟု သိရသည်။
ရှီမတ်ဇုကော်ပိုရေးရှင်းက ၎င်း၏အလုပ်သမားများကို နေ့လယ်စာစားချိန် မတိုင်မီနှင့် စားပြီးတစ်နာရီခန့် ဆေးလိပ်သောက်ခြင်းကို အောက်တိုဘာလကတည်းက တားမြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နွေဦးကာလမှစ၍ တာဝန်ချိန်အားလုံးသို့ ၎င်းကို တိုးချဲ့သွားမည်ဖြစ်သည်။
ဆေးလိပ်သောက်ရန် နားချိန်များသည် ဆေးလိပ် သောက်သူ၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ရာကျသဖြင့် ကျဆင်းနေသော ကုန်ထုတ်စွမ်းအားအဖြစ် ၎င်းတို့ကို ညွှန်ပြကြ ....
ယမန်နှစ် စက်တင်ဘာလ၌ နိုင်ငံအနှံ့ကုမ္ပဏီ ၁၀çဝ၀ဝ ခန့်တွင်ပြုလုပ်ခဲ့သည့်Teikoku Databank လေ့လာရေး အရ ဖြေကြားသူ ၂၂ ဒသမ ၁ ရာခိုင်နှုန်းက ၎င်းတို့၏ လုပ်ငန်းခွင်တွင် ဆေးလိပ်သောက်ခြင်းကို လုံးလုံးတားမြစ် ထားကြောင်း ဆိုကြသည်။
၂၀၁၅ ခုနှစ-်တွင် အကျိုးသက်ရောက်မှုရှိသည့် ပြန်လည်စစ်ဆေးထားသော စက်မှုဆိုင်ရာ ဘေးကင်း ရေးနှင့် ကျန်းမာရေးဥပဒေက ဆေးလိပ်သောက်ခြင်းကို တားမြစ်၍ အလုပ်လုပ်ရန် တိုက်တွန်းကာ လုပ်ငန်းခွင် တွင် အခြားသူများ၏ ဆေးလိပ်ငွေ့ကို မလိုလားဘဲရှူနေ ရမှုကို ကုမ္ပဏီများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်။
ဆေးလိပ်သောက်ရန် နားချိန်များသည် ဆေးလိပ် သောက်သူ၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ရာ ကျသဖြင့် ကျဆင်းနေသော ကုန်ထုတ်စွမ်းအားအဖြစ် ၎င်းတို့ကို ညွှန်ပြကြသည်။
U.S Institute of Health and Productivity Management က ပြုလုပ်သော လေ့လာမှုအရ ဖော်ပြပါအချိန်များသည် ဆေးလိပ်သောက်သူများတွင် တစ်နှစ်လျှင် ၇၆ နာရီခန့်ရှိပြီး မသောက်သူများတွင်ရှိသည့် ကိန်းဂဏန်းများထက် ၁ ဒသမ ၈ ဆ ပိုများသည်ဟု သိရသည်။
အိုဆာကာစီရင်စု အစိုးရက ၂၀ဝ၈ ခုနှစ်၌ အလုပ်ချိန် တွင်း ဆေးလိပ်မသောက်ရန် တားမြစ်ထားသော်လည်း အမျိုသားဝန်ထမ်း တစ်ယောက်က ခွင့်ပြုချက်မရဘဲ အပြင်တွင် ဆေးလိပ်သောက်ရန် ရုံးခန်းမှထွက်သည့် အချိန်စုစုပေါင်း နာရီ ၁၀ဝ ကျော်ရှိ၍ ပြဿနာဖြစ်လာသဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည်။
ဆေးလိပ်သောက်ရန် နားချိန်ခွင့်ပြုခြင်းသည် မမျှတဟု ဆေးလိပ်မသောက်သူများက ဝေဖန်ကြသည်။ တိုကျိုမြို့တွင်အခြေစိုက်သည့် ဏငေေူ ှုညခ. က ဆေးလိပ် မသောက်သည့် အလုပ်သမားများကို တစ်နှစ်လျှင် လစာနှင့်အားလပ်ရက် အပိုခြောက်ရက်ပေးရန် စနစ် တစ်ခုကို စတင်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
University of Occupational and Environmental Health က ဂျပန် ပါမောက္ခ ဟီရိုရှိ ယာမာတိုက ဆေးလိပ် သောက်ခြင်းကို တားမြစ်ခြင်းသည် ကုန်ထုတ်စွမ်းအား တိုးတက်ကောင်းမွန်ရန် အထောက်အပံ့ဖြစ်စေပြီး လုပ်ငန်းပိုင်းကို အကျိုးပြုကြောင်း ပြောကြားခဲ့သည်။

















