ကမ္ဘာပေါ်မှာ အလွန်အမင်း ဆင်းရဲတဲ့ လူအရေအတွက် ကျဆင်းလာပေမဲ့ ၂၀၃၀ ပြည့်နှစ်အတွက် လျာထားတဲ့ တိုးတက်မှုအတွက် ပန်းတိုင်ကို ရောက်လောက်အောင် တော့ မမြန်သေးဘူး။ ဆင်းရဲမွဲတေမှုနှုန်းကို မြန်မြန် လျှော့ချနိုင်ဖို့ မကြာသေးမီက သင်ခန်းစာတွေက ကူညီ နိုင်တယ်။
ကမ္ဘာကြီးက ၂၀၃၀ ပြည့်နှစ်မှာ ဆင်းရဲမွဲတေမှုကို တကယ် အဆုံးသတ်နိုင်မှာလား။ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မကြာသေးမီက ဒီလို ထပ်အတည်ပြုခဲ့ပေမဲ့ ဒီလိုဖြစ်ဖို့ဆို ကမ္ဘာကြီးရဲ့ လုပ်ဆောင်မှုတွေကို အရှိန် မြှင့်တင်မှသာ သတ်မှတ်ထားတဲ့ အချိန်မီပြီးမယ်လို့ ဝန်ခံခဲ့တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဖြေရှင်းနည်း အသစ်တွေ ရှာဖွေနေတဲ့အချိန်မှ အတိတ်က သင်ခန်းစာ တွေကို အတုယူလို့ရတယ်။
ဆယ်စုနှစ်နဲ့ချီပြီးတော့ ဆင်းရဲမွဲတေမှု လျှော့ချရေးဟာ တိုးတက်ရေး ပေါ်လစီအတွက် အခရာဖြစ်နေခဲ့တယ်။SDG (ထိန်းထားနိုင်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင်) စီမံကိန်းရဲ့ အရင် ဖြစ်တဲ့MDG (ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ) စီမံကိန်းကို ဖော်ဆောင်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာMDG (စတင်ခဲ့တဲ့ ၂၀ဝ၀ ပြည့်နှစ်မှာ တစ်နေ့ကို ၁ ဒသမ ၉၀ ဒေါ်လာ လောက်ပဲရတဲ့သူ အရေအတွက် ၂၇ ရာခိုင်နှုန်းရှိတာက နေ ၂၀၁၇ ခုနှစ်မှာ သိသိသာသာ ကျဆင်းသွားပြီး ကိုးရာခိုင်နှုန်းပဲ ရှိတော့တယ်။
ပထမဆုံးကြည့်လိုက်မယ်ဆိုရင်SDG စတဲ့ နှစ် အနည်းငယ်အတွင်းမှာလည်း ဆင်းရဲမွဲတေမှုနှုန်းက အထင်ကြီးလောက်စရာ လျော့ကျခဲ့တယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီနဲ့ ၂၀၁၈ ခုနှစ် ဇွန်လကြားမှာ ခန့်မှန်းခြေ လူ ၈၃ သန်းဟာ ဆင်းရဲတွင်းက လွတ်ခဲ့တယ်။ ၂၀၃၀ ပြည့်နှစ်စီမံကိန်းကို ပြည့်မီဖို့ဆိုရင် အမှန်တော့ လူသန်း ၁၂၀ လောက် အဲဒီအချိန်မှာ ဆင်းရဲတွင်းက လွတ်မြောက်ခဲ့သင့် တာဖြစ်တယ်။ ကနဦးအောင်မြင်မှုတွေ ရခဲ့ပေမဲ့ သွားနေ တဲ့နှုန်းကတော့ သိပ်ကျေနပ်စရာမကောင်းဘူး။
"ကမ္ဘာ့တိုးတက်မှု" ဂျာနယ်အတွက် မကြာမီက ပူးတွဲပြီး ရေးခဲ့တဲ့စာမှာ ကျွန်တော်တို့က ဘယ်အချက်တွေဟာ အောင်မြင်တဲ့ ဆင်းရဲမွဲတေမှု လျော့ကျမှုကို ထောက်ပံ့ ပေးနေသလဲဆိုတာ မေးခွန်းထောက်ခဲ့တယ်။MDGတွေ ခေတ်တုန်းက တိုးတက်ဆဲ တိုင်းပြည်တွေရဲ့ ဆင်းရဲမှု အချက်အလက်တွေကိုသုံးပြီး ဝင်ငွေဆင်းရဲမှုမြင့်မားတဲ့ နိုင်ငံက လူတွေဟာ ဝင်ငွေဆင်းရဲမှု နည်းပါးတဲ့ နိုင်ငံက လူတွေထက် ဆင်းရဲမှု ဘယ်လောက်မြန်မြန် လျော့ကျ သလဲဆိုတာ အကဲဖြတ်ခဲ့တယ်။ လူတစ်ယောက် တစ်နေ့ ရဲ့လစာကို ၁ ဒသမ ၂၅ ဒေါ်လာနဲ့ နှစ်ဒေါ်လာကြားမှာ သတ်မှတ်ပြီး ကျွန်တော်တို့ဟာ ပိုဆင်းဆင်းရဲရဲနဲ့ စခဲ့ရတဲ့ တိုင်းပြည်တွေမှာ ဆင်းရဲမွဲတေမှုကို ပိုမြန်မြန် လျှော့ချ နိုင်တယ်ဆိုတာ တွေ့ခဲ့ရတယ်။
ဒါပေမဲ့ ဒီတွေ့မှုတွေဟာ အပေါင်းလက္ခဏာဆောင်ပြီး ပြီးပြည့်စုံမှုမရှိဘူး။ နိုင်ငံအတော်များများမှာ ဆင်းရဲ မွဲတေမှုကို လျှော့ချဖို့ဆိုတာ အလှမ်းဝေးနေတုန်းပဲ။ အခု လက်ရှိနှုန်းနဲ့ဆိုရင် ၁၉၉၀ ပြည့်နှစ်တုန်းက လူဦးရေနဲ့ ၈၆ ရာခိုင်နှုန်းက တစ်နေ့ကို ၁ ဒသမ ၂၅ ဒေါ်လာအောက်ပဲဝင်တဲ့ မာလီနိုင်ငံမှာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ နောက်ထပ် ၃၁ နှစ်လောက် လိုဦးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့တယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်မှာ လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်းပဲ ၁ ဒသမ ၂၅ အောက် ဝင်ငွေရှိတဲ့ အီကွေဒေါမှာတောင် အောင်မြင်ဖို့ နောက်ထပ်အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် ကြာဦးမယ်။
အာရှနဲ့ အာဖရိက နိုင်ငံတွေရဲ့ မတူညီမှုက ဘာလဲ ဆိုတော့MDGအစီအစဉ်က ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးကို တကယ် တွန်းအားပေးနိုင်ခဲ့ပေမဲ့ ခရီးပေါက် တာချင်းတော့ ကွဲပြားနေတယ်ဆိုတာပဲ။ ၁၉၉၀ ပြည့် အစောပိုင်းနှစ်တွေမှာ အာဖရိက နိုင်ငံတချို့ ဆင်းရဲ မွဲတေမှုက တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နဲ့ တူတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာMDG ပြီးသွားတဲ့အခါမှာ အာရှ တိုင်းပြည်တွေက အာဖရိက တိုင်းပြည်တွေထက် အများ ကြီး ပိုပြီးဆင်းရဲမှုကို လျော့ကျစေနိုင်ခဲ့တယ်။
ဒီခြားနားချက်ဟာ ဆက်ရှိနေတယ်။ ဒီနေ့ ကမ္ဘာ့ဘဏ် ရဲ့ အစီရင်ခံစာအရ အာဖရိကတိုက်ဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးဖြစ်နေတယ်။ အခုလို နှုန်းအတိုင်းသွားရင် ၂၀၃၀ ပြည့်နှစ်မှာ အာဖရိကက လူသန်း ၃၀ဝ ကျော်ဟာ ဆင်းရဲနေဦးမှာပဲ။
ဆင်းရဲမွဲတေမှုအတွက် ပထဝီအနေအထားကို ပြောင်းလဲပုံဖော်ခဲ့တဲ့ အရာတွေ အများကြီးရှိတယ်။ အာဖရိကမှာ ပဋိပက္ခတွေ၊ အသုံးမဝင်တဲ့ ပေါ်လစီတွေ၊ လူမျိုးစုကွဲပြားမှုတွေ၊ ပြင်ပရန်တွေကြောင့် စီးပွားရေး တိုးတက်ဖို့က ခက်ခဲတယ်။ ဒါပေမဲ့ တကယ့် အရေး အကြီးဆုံး အချက်ကတော့ အစိုးရရဲ့ လုပ်ကိုင်နိုင်စွမ်းပဲ။ နောက်ဆုံးမှာတော့ အားနည်းတဲ့ အစိုးရတွေဟာ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို မပေးနိုင်ဘူး။
ဒါက နောက်ထပ်မေးခွန်းတစ်ခုကို သေချာပေါက် ဦးတည်သွားတယ်။ အစိုးရရဲ့ လုပ်ကိုင်နိုင်စွမ်းကို ဘယ် အရာတွေနဲ့ ဆုံးဖြတ်မှာလဲ။ ယေဘုယျအားဖြင့်တော့ အုပ်ချုပ်ရေးပိုင်းက ထပ်သီးပုဂ္ဂိုလ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ထားရင် အစိုးရတွေက ပိုအဆင်ပြေတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေး အတွေ့အကြုံကလည်း အရေးပါ တယ်။ အာဖရိကနိုင်ငံတွေထက် နည်းနည်းပဲ ရှည်ကြာတဲ့ ခေတ်သစ်အုပ်ချုပ်ရေးစနစ်နဲ့ တရုတ်ပြည်က သူ့ဒေသကို ကောင်းကောင်းအုပ်ချုပ်နိုင်တာ တွေ့ရတယ်။
နောက်ပြီး အပြောင်းအလဲအတွက် အကြောင်းပြချက် က ဘာပဲဖြစ်ဖြစ် အစိုးရလုပ်ကိုင်နိုင်စွမ်းက ဆင်းရဲ မွဲတေမှု လျှော့ချရေးအတွက် အရေးပါတယ်။MDGကာလတုန်းက အုပ်ချုပ်မှုနိုင်နင်းတဲ့ ဆင်းရဲတဲ့ တိုင်းပြည် တွေဟာ မထိရောက်တဲ့ အုပ်ချုပ်ရေးရှိတဲ့ တိုင်းပြည်တွေ ထက် နှစ်ဆပိုတိုးတက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာMDG ရဲ့ သတ်မှတ်ချက်ကို ပိုပြီး ပြည့်မီတာ တွေ့ရတယ်။
MDGကို ကျင့်သုံးနေတဲ့ ၁၉၃ နိုင်ငံအတွက် ဆင်းရဲမှု တိုက်ဖျက်ရေးဟာ ထိပ်တန်းအဆင့် အရေးပါနေတုန်းပဲ။ ဒါပေမဲ့MDGကနေ လေ့လာသင်ယူခဲ့ရသလိုပဲ ပန်းတိုင် တွေဟာ တိုးတက်မှုတွေကို အာမခံခြင်းမရှိဘူး။MDG ခေတ်အကုန် ဆင်းရဲနေသေးတဲ့ လူ ၇၂၅ သန်းကို ကယ်တင်နိုင်ဖို့ ထိရောက်တဲ့ စီမံကိန်းတွေမှာ ရင်းနှီး မြှုပ်နှံရမယ်။ မဟုတ်ရင်တော့ ဆင်းရဲမှုတွေ အဆုံးသတ် မယ့်နေ့က ဝေဝေ၀ါးဝါး ဖြစ်နေဦးမှာပဲ။
(ဤဆောင်းပါးသည်M.Niaz Asadullahနှင့် ဗညအသညငသAntonio Savoiaတို့၏အာဘော်သာဖြစ်သည်။ သူသည် ကွာလာလမ်ပူမြို့ရှိ မလေးယားတက္ကသိုလ်မှ ီနလနူသစာနညအ နခသညသာငချ ၏ ပါမောက္ခဖြစ်သည်။Global Labour Organization ၏Antonio Savoia ၏ အကြီးအကဲဖြစ်သည်။ ဗညအသညငသ ှလေသငေ သည် မန်ချက်စတာတက္ကသိုလ်က အကြီးတန်းကထိက ဖြစ်သည်။)(Project Syndicate)

















