၂၀၁၉ဘောလုံးရာသီကုန်၌ ထိုင်းကလပ်သို့ ကျော်ဇင်လွင်ပြောင်းရွှေ့မည်

၂၀၁၉ဘောလုံးရာသီကုန်၌ ထိုင်းကလပ်သို့ ကျော်ဇင်လွင်ပြောင်းရွှေ့မည်

ဧရာဝတီယူနိုက်တက်သို့ ပြောင်းရွေ့ခဲ့ပြီးဖြစ်သည့် နောက်ခံလူ ကျော်ဇင်လွင်ကို ထိုင်းလိဂ်ကလပ်အသင်းအချို့မှ ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပြီး ၂၀၁၉ဘောလုံးရာသီကုန်တွင် ပြောင်းရွှေ့ရန် အလာအလားများလျက်ရှိကြောင်း သိရသည်။

စိတ်ဝင်စား

ယခုနှစ်ဘောလုံးရာသီကုန်တွင် မကွေးအသင်းမှ ဧရာဝတီယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည့် နောက်ခံလူကျော်ဇင်လွင်ကို ထိုင်းပရီးမီးယားလိဂ်နှင့် လိဂ်-၂ကလပ်အသင်းတို့မှ စိတ်ဝင်စားလျက်ရှိနေပြီး ၂၀၁၉ခုနှစ်ဘောလုံးရာသီကုန်တွင် ကမ်းလှမ်းဖွယ်ရှိနေသည်။ " ကျွန်တော့်ကို အေးဂျင့်ကနေတစ်ဆင့် ဆက်သွယ်လာတာတော့ရှိတယ်။ ဒါပေမယ့် ဧရာဝတီအသင်းနဲ့ စာချုပ်လိုက်တော့ ဒီနှစ်သွားမကစားဖြစ်တော့ဘူး။ လာမယ့်နှစ်ရာသီအကုန်ကျရင်တော့ ထွက်ကစားဖို့အစီအစဉ်ရှိပါတယ်။ အေဂျင့်ကတော့ လိဂ်-၁နဲ့လိဂ်-၂ အသင်းတွေက စိတ်ဝင်စားနေတယ်လို့ပြောထားပါတယ်" ဟု ကျော်ဇင်လွင်က ပြောဆိုခဲ့သည်။

နီးစပ်လျက်ရှိ

ထိုင်းပရီမီးယားလိဂ်ကလပ်များသို့ မြန်မာကစားသမားများ အငှားသွားရောက် ကစားလျက်ရှိရာ ချောင်ဘူရီအသင်းသည် ရတနာပုံအသင်းမှ စည်သူအောင်ကို ခေါ်ယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်နောက်ခံလူ ဇော်မင်းထွန်းကိုလည်းခေါ်ယူရန် နီးစပ်လျက်ရှိသည်။ထို့ပြင် ရစ်ချက်ဘူရီအသင်းသည် ရတနာပုံအသင်းနောက်ခံလူ သိန်းသန်းဝင်းကိုလည်း ကမ်းလှမ်းထားသည်။ ထိုင်းကလပ်များသည် ဇွဲကပင်ယူနိုက်တက်တိုက်စစ်မှူး သန်းထက်အောင်အပြင် နေရှင်နယ်လိဂ်မှ ကစားသမားအချို့ကို အငှားခေါ်ယူရန် စိတ်ဝင်းစားလျက်ရှိနေသည်။

 



ဖတ်ရှုမှုအများဆုံး