ပြင်သစ် နိုင်ငံသား ဆယ်စုနှစ်တစ်ခုကျော်အတွင်း စစ်မဲ့ဇုန်ကိုဖြတ်၍ ပထမဆုံး တောင်ကိုရီးယားရထားတစ်စင်း မြောက်ကိုရီးယားသို့သွား

ပြင်သစ် နိုင်ငံသား ဆယ်စုနှစ်တစ်ခုကျော်အတွင်း စစ်မဲ့ဇုန်ကိုဖြတ်၍ ပထမဆုံး တောင်ကိုရီးယားရထားတစ်စင်း မြောက်ကိုရီးယားသို့သွား

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားရထားတစ်စင်းသည် နှစ်နိုင်ငံအကြား စစ်မဲ့ဇုန်ကိုဖြတ်သန်း၍ မြောက်ကိုရီးယားသို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်းရထားပေါ်တွင် မြောက်ကိုရီးယားရထားသံလမ်းကွန်ရက် ခေတ်မီရေးကို ကူညီမည့် တောင်ကိုရီးယား ကျွမ်းကျင်သူတစ်စု လိုက်ပါသွားခဲ့သည်။ ပြီးခဲ့သည့်ဧပြီလတွင် တောင်နှင့်မြောက်ကိုရီးယားခေါင်းဆောင်များသည် သမိုင်းဝင်တွေ့ဆုံခဲ့ကြပြီးနောက် ပူးပေါင်းဆောင်ရွက်မှုများပြုရန် သဘောတူညီခဲ့ကြရာ မြောက်ကိုရီးယား၏ရထားလမ်းများ အဆင့်မြှင့်ရေးလည်း ပါဝင်ခဲ့သည်။

ဆိုးလ်မြောက်ပိုင်း ဒိုရာဆန်မှ နိုဝင်ဘာ ၃၀ ရက်မှ ထွက်ခွာသွားသည့် ရထားသည် အစောင့်အကြပ်ထူထပ်စွာ ချထားသည့် နယ်ခြားကိုဖြတ်သန်းလျက် ပန်မွန်ဘူတာရုံအရောက်တွင် မြောက်ကိုရီးယားရထားစက်ခေါင်းတစ်ခုက လွှဲပြောင်းချိတ်တွဲ၍ ဆက်လက်မောင်းနှင်သွားခဲ့သည်။

ရထားပေါ်လိုက်ပါသွားသည့် တောင်ကိုရီးယားကျွမ်းကျင်သူ ၂၈ ဦးတို့သည် ရထားသံလမ်းအရှည် ကီလိုမီတာ ၁၂၀ဝ (၇၄၅ မိုင်)ကို လာမည့် ၁၈ ရက်အတွင်း စစ်ဆေးပေးမည်ဖြစ်သည်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ပိတ်ဆို့မှုများ ချမှတ်ထားဆဲဖြစ်ရာ မြောက်ကိုရီးယားသို့ စက်သုံးဆီနှင့် ကိရိယာများ တင်ပို့ခြင်းကိုလည်းပိတ်ဆို့ထားပြီး ယင်းကိုတစ်ကြိမ်တစ်ခါအဖြစ် အထူးကင်းလွတ်ခွင့် ပေးထားသည်။

နိုဝင်ဘာ ၃၀ ရက်မှာပင် ကိုရီးယားနှစ်နိုင်ငံမှ စစ်ဘက်အရာရှိများသည် ရှေ့တန်းကင်းစခန်း ၂၀ ပိတ်သိမ်းခြင်းနှင့် နယ်စပ်ဧရိယာမှ မိုင်းများဖယ်ရှားခြင်းအစီအစဉ်ကိုလည်း လက်စသပ်မည်ဖြစ်သည်။

တောင်ကိုရီးယားမှ မွန်ဆန်ဘူတာရုံနှင့် မြောက်ကိုရီးယားမှ ပန်မွန်ဘူတာရုံအကြား ရထားပြေးဆွဲခြင်းကို ၂၀ဝ၇ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ပြီး ယင်းရထားပြေးဆွဲခြင်းကို ထောက်ကူသည့် ကေဆွန်းစက်ရုံလည်း တည်ဆောက်ခဲ့သည်။

သို့သော် မြောက်ကိုရီးယား၏နျူကလီးယားစီမံကိန်းနှင့် တောင်ကိုရီးယားတွင် သဘောထား တင်းမာသည့်အစိုးရ တက်ရောက်လာခြင်းကြောင့် ၂၀ဝ၈ ခုနှစ် နိုဝင်ဘာတွင် ရပ်စဲခဲ့ရာမှ ယခုမှ ရထားပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။