ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မ ဈေးတွင် ပျံကျရောင်းချသူများနှင့် ဆိုင်ခန်းဖြင့် ရောင်းသူများအား ၂၀၁၈–၂၀-၁၉ ဘဏ္ဍာရေး နှစ် အောက်တိုဘာလမှစတင်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဈေးကောက် နှုန်းထားအသစ်ဖြင့် တိုးမြှင့်ကောက်ခံလျက် ရှိသည်။
တိုးမြှင့်
တိုးမြှင့်ကောက်ခံခဲ့သည့် ပျံကျဈေးဆိုင်ခန်း များအတွက် တစ်ဆိုင်လျှင် ယခင် ကျပ် ၂၀ဝ မှ ကျပ် ၃၀ဝ သို့ တိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး စည်ပင်သာယာရေးဌာနပိုင် ဈေးဆိုင်ခန်းများ တွင် ဈေးရောင်းချသူများအား တစ်ခန်းလျှင် ကျပ် ၄,ဝ၀ဝ မှ ကျပ် ၅,ဝ၀ဝ သို့ တိုးမြှင့် ကောက်ခံလျက်ရှိကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"ဈေးရောင်းချနေသူတွေ သိသာအောင် ဈေးလယ်ကောင်မှာ ဈေးကောက်နှုန်းထား တိုးမြှင့်ကောက်ခံသွားမယ့် အစီအစဉ်ကို သဘောမတူရင် ကန့်ကွက်နိုင်ကြောင်း အချိန် တစ်လ ကြိုတင်ကြေညာခဲ့ပါတယ်။ လာရောက် ကန့်ကွက်သူ မရှိခဲ့ဘဲ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကို ဆက်လက်တင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောတူညီခွင့်ပြုချက်အရ တရားဝင်ဈေးကောက်နှုန်းကို တိုးမြှင့်သတ် မှတ်ခဲ့တာဖြစ်ပါတယ်" ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင် မောင်ထွန်းက ပြောဆိုသည်။
ပြင်ဆင်
အလားတူ ကျိုင်းတုံမြို့မဈေးကြီးရှိ ပျံကျ ဈေးဆိုင်များတွင် ၂၀၁၈–၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် ဈေးကောက် လေလံအောင်မြင်ခဲ့ သည့် ဦးအားဒန်ကလည်း "နေ့စဉ် ဈေးကောက် ဝန်ထမ်းနဲ့ သန့်ရှင်းရေးဝန်ထမ်းအပြင် အမှိုက် သိမ်းယာဉ် အသုံးစရိတ်တွေ ကုန်ကျနေပါ တယ်။ တစ်နှစ်စာလေလံအောင်ကြေး ပေးသွင်း ရတာနဲ့ဆိုရင် ခေတ်ကာလအနေထားအရ တိုးမြှင့်ကောက်ခံခွင့်ပြုပေးဖို့အတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီကို တရားဝင် တင်ပြထားခဲ့တာ ကြာနေပါပြီ။ တကယ်တမ်း တော့ အခု နိုဝင်ဘာလကစပြီး ပြင်ဆင်သတ် မှတ်လိုက်တဲ့ နှုန်းထားနဲ့ ကောက်ခံတာဖြစ်ပါ တယ်" ဟု ပြောဆိုသည်။
တရားဝင်အောင်
"ဈေးကောက်ခ ကျပ် ၃၀ဝ ဆိုတော့လည်း ပေးရမှာပါ။ ဒါပေမဲ့ တရားဝင်အောင် ဈေး ကောက်တာဝန်ခံ လက်မှတ်နဲ့ တံဆိပ်တုံးပါပြီး ငွေရပြေစာမှာလည်း ကျပ် ၃၀ဝ လို့ ရေးပေးစေ ချင်ပါတယ်" ဟု ကျိုင်းတုံမြို့မဈေးကြီးအတွင်း ပျံကျရောင်းချနေသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။
















