ကယားပြည်နယ်အတွင်း သတ္တုတူးဖော်လိုသည့်လုပ်ငန်းရှင်များ ဒေသခံပြည်သူများနှင့် ညှိနှိုင်းမှုအဆင်ပြေမှသာ ခွင့်ပြုပေးမည်

ကယားပြည်နယ်အတွင်း သတ္တုတူးဖော်လိုသည့်လုပ်ငန်းရှင်များ ဒေသခံပြည်သူများနှင့် ညှိနှိုင်းမှုအဆင်ပြေမှသာ ခွင့်ပြုပေးမည်

ကယားပြည်နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းလုပ် ကိုင်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဒေသခံ ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းမှုအဆင်ပြေမှသာ ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောဆိုသည်။

"ကျွန်တော်တို့ ပြည်နယ်မှာက ပြည်သူ့အစိုးရဖြစ်တော့ အဓိကဒေသခံ ပြည်သူလူထုရဲ့စကားကို နားထောင်တယ်။ သူတို့မလုပ်နဲ့ဆို ကျွန်တော်တို့ မလုပ်ပါဘူး။ အဓိကçကတော့ လုပ်ငန်းရှင်နဲ့ပြည်သူလူထုပဲ ဦးတည်နေပါသေးတယ်။ ကျွန် တော်တို့ ကယားပြည်နယ်မှာ မြေက ဘိုးဘွားပိုင်ဖြစ်နေမှာ စိုးလို့ အဓိကလုပ်ချင်တဲ့သူတွေက ဒေသခံကိုပဲ အရင်သွားရှင်း ကြည့်လိုက်ပါ။ အဆင်ပြေရင်တော့လုပ်ပေါ့"ဟု ကယားပြည် နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးတီရယ်က ပြောဆိုသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၉ ရက်က ကျင်းပသည့် မြန်မာအစိမ်းရောင်ကွန်ရက်(၇)ကြိမ်မြောက် တွေ့ဆုံပွဲ (ဒေသခံတို့၏သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး)၌ မီဒီယာများ ကမေးမြန်းရာတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

လုပ်ကိုင်ခွင့်ပြုမည်

ကယားပြည်နယ်တွင် သတ္တုစမ်းသပ်တူးဖော်ဆောင်ရွက် ရန် ဖားဆောင်းမြို့နယ်၌ မြေဧက ၅၀ဝ၀ဝ ဝန်းကျင် တင်ပြ ထားသော်လည်း ဘိုးဘွားပိုင်မြေများ ပါဝင်နေခြင်းကြောင့် စိတ်ဝင်စားသူ မည်သူမဆို သွားရောက်လုပ်ကိုင်မည်ဆိုပါက ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆွေးနွေးမှုအဆင်ပြေလျှင် လုပ်ကိုင်ခွင့်ပြုမည်ဟု လုပ်ငန်းရှင်များအား ပြောကြားထား ကြောင်း သိရသည်။

ကယားပြည်နယ်တွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး နှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဝန်ထမ်း ၁၀ ဦးဖြင့်သာ စာသင်ကျောင်းများ၌ စတင်လုပ်ကိုင်နိုင်သေးကြောင်း သိရ သည်။

ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် အတွင်း သတ္တုတူးဖော်ရေးလုပ်ကွက်များ အများအပြားရှိပြီး သတ္တုတူးဖော်ခြင်းနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများ၊

လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရ မည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းမြင်သာ

"သတ္တုနဲ့ပတ်သက်ပြီး၂၀၁၄ ခုနှစ်က မော်ချီးသတ္တုတွင်းကို နောက်ထပ်နှစ် ၃၀ လောက် သက်တမ်းထပ်တိုးထားတယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ တပ်မတော်ကပိုင်တဲ့ ဦးပိုင်ကပဲ ရယူထားပြီးတော့မှ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်တွေကို လုပ်ကိုင်ခွင့် ခွဲဝေပေးတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ထုတ်ယူခွင့်နဲ့ စမ်း သပ်တူးဖော်ခွင့်တွေက အခုထိ ပွင့်လင်းမြင်သာစွာ ပြည်သူ တွေက မသိရတဲ့အနေအထားဖြစ်နေတယ်"ဟု LAIN နည်း ပညာအထောက်အကူပြုအဖွဲ့ဝင် ကိုကျော်ထင်အောင်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး