ပါရီမြို့လယ်၌ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးမြို့ပြအဓိကရုဏ်းဖြစ်ခဲ့

ပါရီမြို့လယ်၌ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးမြို့ပြအဓိကရုဏ်းဖြစ်ခဲ့

ပြင်သစ်နိုင်ငံမြို့တော် ပါရီ၌ ဒီဇင်ဘာ ၁ ရက်တွင် ရောင်ပြန်ဝတ်စုံများဝတ်ဆင်ထားသည့် လှုပ်ရှားသူများသည် မော်တော်ယာဉ်များကို မီးတင်ရှို့ခြင်း၊ ပြတင်းပေါက်မှန်များကို ရိုက်ခွဲခြင်း၊ ဈေးဆိုင်များကို လုယက်ခြင်းနှင့် အထိမ်းအမှတ်နေရာတစ်ခုဖြစ်သည့် အာ့ခ်ဒူထရီယွန်ကို အရောင်စုံဆေးများဖြင့် မှုတ်ခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ယင်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကြမ်းဖက်မှုအပြင်းထန်ဆုံးဖြစ်သည့် မြို့ပြအဓိကရုဏ်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။

အခွန်နှင့် လူနေမှုကုန်ကျစရိတ်များ ကြီးမြင့်လာခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။ 
ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံခြားသားခရီးသွားအများအပြား လာရောက်သည့် နေရာများကို ပိတ်ဆို့ထားခဲ့ပြီး ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ၊မီးသတ်ပိုက်များသုံးကာ လူစုခွဲခဲ့သည်။ လူ ၁၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
    ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ပြီး အာ့ခ်ဒူထရီယွန်ကို ဖျက်ဆီးသူများသည် ၎င်းတို့လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ၌ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတက်ရောက်နေသည့် ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်ကပြောဆိုခဲ့သည်။
    မကျေမနပ်ဖြစ်မှုကို ဖော်ပြခြင်းနှင့် အကြမ်းဖက်မှုတို့ကြား ဆက်စပ်မှုမရှိကြောင်း မာခရွန်ကပြောဆိုခဲ့သည်။
    ရောင်ပြန်ဝတ်စုံများဝတ်ဆင်ထားသည့် ဆန္ဒပြသူများသည် ရုံးပိတ်ရက်များအတွင်း ဆန္ဒထုတ်ဖော်သည်မှာ ရက်သတ္တပတ်သုံးပတ်ဆက်တိုက်ရှိသွားပြီဖြစ်သည်။ ၂၀ဝ၅ ခုနှစ်မှစ၍ အဆိုးရွားဆုံး မြို့ပြ ဆူပူအုံကြွမှုဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။ ပြင်သစ်ရှိ ရောင်ပြန်ဝတ်ဆန္ဒပြမှုများသည် ဘယ်ဂျီယံ၊ ဂျာမနီနှင့် နယ်သာလန်တို့သို့လည်း ကူးစက်သွားပြီဖြစ်သည်။
    ဆန္ဒပြမှုများသည် ဒီဇင်ဘာ ၁ ရက် အစောပိုင်းတွင် အာ့ခ်ဒူထရီယွန်နား၌ စတင်ပြီး ယင်းနေ့ အနှောင်းပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ 
ရဲတပ်ဖွဲ့ဝင် ၂၀ ဦးအပါအဝင် လူ ၁၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၂၂၄ ဦးကို ဖမ်းဆီးခဲ့ရသည်။
    ဆန္ဒပြသူတချို့သည် ပါရီမြို့လယ်ရှိ လမ်းမတချို့တွင် အတားအဆီးများကိုချထားခဲ့ပြီး တချို့ကလည်း ကားတာယာများကို မီးရှှိုု့ခြင်း၊ မော်တော်ယာဉ်များနှင့် အမှိုက်ပုံများကို မီးရှှိုု့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းနှင့် စတိုးဆိုင်များကို လုယက်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။

အောင်မြင်မှုအပြည့်ဖြင့် ရောင်ပြန်ဂျက်ကတ်အင်္ကျီများ ဆိုသည့် စာကို အာ့ခ်ဒူထရီယွန်၌ ဆေးများဖြင့် ရေးသားခဲ့သည်။