ရွှေဆိုင်များတွင် ရွှေဝယ်သူဟန်ဆောင်ကာ ရွှေထည်ပစ္စည်း လိမ်လည်ခိုးယူမှု ၁၅ မှု ကျူးလွန်ခဲ့သူကို ဖမ်းမိ

ရွှေဆိုင်များတွင် ရွှေဝယ်သူဟန်ဆောင်ကာ ရွှေထည်ပစ္စည်း လိမ်လည်ခိုးယူမှု ၁၅ မှု ကျူးလွန်ခဲ့သူကို ဖမ်းမိ

မြို့နယ်များအတွင်းရှိ ရွှေဆိုင်များတွင် ရွှေဝယ်သူဟန်ဆောင်ကာ ရွှေထည်ပစ္စည်းများခိုးယူခဲ့သူကို ရန်ကုန်တိုင်း ဒေသကြီး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာမှ ရွှေထည်ပစ္စည်းလိမ်လည်ခိုးယူမှု ၁၅ မှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂ ရက်နေ့က စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ခရမ်းမြို့နယ် (၇)ရပ်ကွက်နေ ထွန်းထွန်းနိုင်(ခ) ကိုဟိန်း(ခ)အောင်ဖြိုးဝေ(ခ) ဂျင်းကောင်(ခ)ကိုဆက်(၂၁) နှစ်သည် အလုပ်အကိုင် အတည်တကျမရှိဘဲ ငွေများဖောဖောသီသီ သုံးစွဲနေကြောင်း သက်ဆိုင်ရာက သတင်းအရ နိုဝင်ဘာ ၃၀ ရက်က ခရမ်းမြို့နယ်၊ သန်လျင် - ပဲခူးလမ်းတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။ 
၎င်းကို စစ်ဆေးချက်များအရ ဒဂုံမြို့သစ်တောင်ပိုင်း၊ သင်္ဃန်းကျွန်း၊ ကျောက်တန်း၊ မြောက်ဥက္ကလာပ၊ရွှေပေါက္ကံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ရွှေဆွဲကြိုး ၁၄ ကုံးနှင့် လော့ကတ်သီး တစ်ခု၊ ရွှေဟန်းချိန်း တစ်ခုနှင့်လက်ကိုင်ဖုန်း နှစ်လုံး စုစုပေါင်း (၁၂၉၇၃၀ဝ၀)တို့ကို လိမ်လည်ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
ရွှေဆိုင်များသို့သွားရောက်ကာ ရွှေဆွဲကြိုးဝယ်ယူမည့်ပုံသဏ္ဍာန်ပြုလုပ်ကာ ရွှေထည်ပစ္စည်းများကို လိမ် လည်ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ်မှာလည်း လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းလိမ်လည်ခိုးယူခဲ့သည့် ရွှေထည်ပစ္စည်းများနှင့်လက်ကိုင်ဖုန်းများကို သိမ်းဆည်း ကာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုအသီးသီးဖွင့်လှစ်၍ ဆက်လက် အရေးယူဆောင်ရွက်ထားသည်။