ဝါးတင်ယာဉ်ဘရိတ်ပေါက်ကာ ဘုရားပွဲခင်းထဲသို့ဝင်တိုက်သဖြင့် ငါးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

ဝါးတင်ယာဉ်ဘရိတ်ပေါက်ကာ ဘုရားပွဲခင်းထဲသို့ဝင်တိုက်သဖြင့် ငါးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

မင်းလှမြို့နယ်တွင် ဝါးတင်ယာဉ်ဘရိတ်ပေါက်ကာ ဘုရားပွဲခင်းထဲသို့ဝင်တိုက်သဖြင့် ငါးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့မှု ဒီဇင်ဘာလ ၂ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၇ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီ ခရိုင် မင်း လှမြို့နှင့် မြို့ချောင်းသွားကားလမ်း မိုင်တိုင် အမှတ် ၂/၄နှင့် ၂/၅တွင် ဝါးများတင်ဆောင်ကာ မောင်းနှင်လာသည့်ဖောကား ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ စိန်ကန့်လန့်ကျေးရွာရွှေကြီးမြင့် ဘုရားပွဲ ခင်းထဲရှိ ပွဲ ဈေးလာသူများကို တိုက်မိခဲ့သည်။ 
ထိုသို့တိုက်မိခဲ့သောကြောင့် စိန်ကန့်လန့်ကျေးရွာနေ မောင်----(၇)နှစ်၊ မ----(၉)နှစ်၊ မ----(၉)နှစ်၊ (၁)နှစ်(၆)လခန့်ရှိ ကလေးတစ်ဦး၊ မ------ (၄၀)နှစ်တို့တွင် ဒဏ်ရာများရရှိကာ  သေဆုံးခဲ့သည်။ 
ရွှေပြည်စံကျေးရွာနေ  ၆ ဦးတို့တွင် ဒဏ်ရာများ(စိုးရိမ်ရ)နှင့် စိန်ကန့်လန့်ကျေးရွာနေ  ၁၄ ဦးတို့တွင် ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ 
ဒဏ်ရာရရှိသူများကို မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသောကြောင့် ယာဉ်မောင်းကို မင်းလှမြို့မရဲစခန်းကယာဉ်(ပ) ၅၀/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။